၂၂ကြိမ်မြောက် ၈လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပပြီးစီး

၂၂နှစ်မြောက် ၈လေးလုံးနှစ်ပတ်လည်အခမ်းအနားကို ကိုရီးယားနိုင်ငံ ပူချွန်းမြို့ရှိ အလုပ်သမားသမဂ္ဂ အဆောက်အဦတွင် သြဂုတ်လ ၇ရက်နေ့ ညနေ ၅နာရီမှ ၁၀နာရီထိ၊ ကိုရီးယားနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများစုပေါင်း၍ ကျင်းပခဲ့ကြပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသား ၁၀၀ခန့်နှင့် ကိုရီးယားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များလည်း တက်ရောက် ခဲ့ကြပါသည်။ ယခုနှစ် ၈လေးလုံးနှစ်ပတ်လည်အခမ်းအနားတွင် မြန်မာအစားအသောက်များကို ရံပုံငွေအဖြစ် ရောင်းချခဲ့ကြပြီး၊ ရရှိသော အမြတ်ငွေများကို နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်တွင်းနိုင်ငံရေးလှုပ်ရှားသူများ သို့ ထောက်ပံ့ပေးသွားမည်ဟု သိရပါသည်။

အခမ်းအနားတွင် ဖြစ်မြောက်ရေးကော်မတီ၏ စီစဉ်မှုဖြင့် တော်လှန်ရေးသီချင်းများသီဆိုခြင်း၊ ကဗျာ ရွတ်ဖတ်ခြင်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တက်ရောက်လာသူများမှ ၈လေးလုံးနှစ်ပတ်လည် နှင့် ပက်သက်သည်များကို ပြောကြားသွားခဲ့ကြပါသည်။





မှတ်တမ်းဓာတ်ပုံ / ရေစကြို ဖိုးနိုင်





























0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP