ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်အခမ်းအနား

မဆလအစိုးရရဲ့  ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသူ ကျောင်းသားခေါင်းဆောင် ဆလိုင်း
တင်မောင်ဦး ကွယ်လွန်ခြင်း ၃၄ နှစ်ပြည့်အမှတ်တရနှင့် နအဖအစိုးရ၏ ပြည်သူလူ
ထုအပေါ် မတရားညှင်းဆဲ သတ်ဖြတ်မှုများကို ကန့် ကွက်ရှုံ့ ချသည့် ဆန္ဒပြပွဲတစ်ခု
ယနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့  နအဖသံရုံးရှေ့ တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲကို ချင်းဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကွန်ယက်က ဦးဆောင်ခဲ့ပြီး
မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားသော တိုင်းရင်းသားညီအကိုမောင်နှမများ
က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ဆလိုင်းတင်မောင်ဦးကို မဆလအစိုးရက ၁၉၄၇ ခုနှစ်တွင် ဦးသန့် အရေးအခင်း
ဦးဆောင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၁၉၇၆ခုနှစ် ဇွန်လ၂၆ရက်နေ့ မှာ ကြိုးပေးသတ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးလို ဒီမိုကရေစီတိုက်ပွဲအတွင်း တိုင်း
ပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားကြသော ကျောင်းသားကျောင်းသူများနှင့်
ရဟန်းရှင်လူများအား အသိအမှတ်ပြု၍ ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံမှာစစ်မှန်သည့်
ဒီမိုကရေစီစနစ် ပေါ်ထွန်းလာတဲ့အထိ စစ်အာဏာရှင်စနစ်အား ကန့် ကွက်ဆန့် ကျင်
သွားမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ရောက်ချင်းတိုင်းရင်းသားများကိုယ်စား ချင်းဒီမိုက
ရေစီနှင့် လူ့ အခွင့်အရေးကွန်ယက် ဥက္ကဌ မစ္စတာဂျွန်စမစ်က ပြောကြားသွားပါတယ်။


0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP