Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

(၁၈-၁-၉၁)နေ့က အင်းစိန်ထောင်တွင်း ကျဆုံးသွားခဲ့သည့် ခရမ်းမြို့နယ် မဲဆန္ဒ နယ်အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းသို့ ဂုဏ်ပြု ကဗျာ


ကျဆုံးသွားသော ရဲဘော်များသို့ …
ရေးသူ-အမည်မသိ

နှစ်ပေါင်းထောင်ရာ
ကမ္ဘာဆယ်သက်၊ မပျက်မတိမ်
မမှိန်မပြယ်၊ မကွယ်မပျောက်
ပြောင်မြောက်သတ္တိ၊ နီဘိရဲရဲ
သင့်အသည်းအား၊ ငါတို့ကြား၌
ထားလျက် သင်ထွက်သွားသည်တကား။ ။

(၁၉၆၉-၇၂ ဒုတိယ ကိုကိုးကျွန်း အစာငတ်ခံ ၅၇-ရက် တိုက်ပွဲတွင်
ကျဆုံးသွားသော ရဲဘော်များအတွက် ရေးခဲ့သော ကဗျာ)

(ထက်မြက်၊ နိုင်ဝင်းဆွေ၏ ‘အိုယန်ဟိုင်၏ တေးသံ’ စာအုပ်မှ …)

read more.png

ဝတ်ဆင်လိုမှု နေ့ခင်း (K မြနွယ် )


ဝတ်ဆင်လိုမှု နေ့ခင်း
K မြနွယ်

လေတိုးလို့ အထက်လန်သွားတဲ့ ထီးတစ်လက်လို
ကိုယ်လည်း ကစဥ့်ကရဲ ကာကွယ်ခဲ့ပါရဲ့
ဘ၀ကိုက မတော်မတည့်နိုင်လွန်းတယ်။

ခြေတချောင်းစာ ရှင်သန်မှုထဲ
ခြေနှစ်ဖက်တပ်ခံထားရတဲ့ 'လူ' အဖြစ်ကို
ဘယ်သူငြင်းပယ်ဖူးပါသလဲ။

သူ့ကိုယ်သူ
မြေကြီးကတောင် နင်းခွင့်မပေးချင်လောက်အောင်
အချိန်စီးခဲ့ပါသတဲ့။

ဖြူခါပြာခါ ဆင်ခြင်မှုထဲ
အိပ်မက်တွေက နဝေတိမ်တောင်ကိုဖြစ်လို့။

ဒါပါပဲ
စိတ်ခံတွင်းတွေ့စေဖို့ ဖွယ်ဖွယ်ရာရာဆိုလို့ ဘာမှမရှိ
အဘိဓမ္မာမကြေလို့ ပျို့အန်နေတဲ့ ကမ္ဘာကြီးနဲ့
နင်းတိုင်းပြိုတဲ့ မြေတွေကသာ
ကိုယ့်ကမ်းပါးတွေအတွက် နေ့ဖို့ညစာ။ ။

K မြနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၉၈)

read more.png

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP