ဝတ်ဆင်လိုမှု နေ့ခင်း (K မြနွယ် )


ဝတ်ဆင်လိုမှု နေ့ခင်း
K မြနွယ်

လေတိုးလို့ အထက်လန်သွားတဲ့ ထီးတစ်လက်လို
ကိုယ်လည်း ကစဥ့်ကရဲ ကာကွယ်ခဲ့ပါရဲ့
ဘ၀ကိုက မတော်မတည့်နိုင်လွန်းတယ်။

ခြေတချောင်းစာ ရှင်သန်မှုထဲ
ခြေနှစ်ဖက်တပ်ခံထားရတဲ့ 'လူ' အဖြစ်ကို
ဘယ်သူငြင်းပယ်ဖူးပါသလဲ။

သူ့ကိုယ်သူ
မြေကြီးကတောင် နင်းခွင့်မပေးချင်လောက်အောင်
အချိန်စီးခဲ့ပါသတဲ့။

ဖြူခါပြာခါ ဆင်ခြင်မှုထဲ
အိပ်မက်တွေက နဝေတိမ်တောင်ကိုဖြစ်လို့။

ဒါပါပဲ
စိတ်ခံတွင်းတွေ့စေဖို့ ဖွယ်ဖွယ်ရာရာဆိုလို့ ဘာမှမရှိ
အဘိဓမ္မာမကြေလို့ ပျို့အန်နေတဲ့ ကမ္ဘာကြီးနဲ့
နင်းတိုင်းပြိုတဲ့ မြေတွေကသာ
ကိုယ့်ကမ်းပါးတွေအတွက် နေ့ဖို့ညစာ။ ။

K မြနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၉၈)

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP