လေလုံးထွားကိုရီးယားလူ့ခွင့်အရေး

လွန်ခဲ့တဲ့နိုဝင်ဘာ ၁၀ရက်နေ့က နှစ်၆၀ပြည့်ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ကိုရီးယားလူ့အခွင့်အရေးကော်မရှင်သည် ယဉ်ကျေးမှုစုံလူ့အသိုင်းအ၀န်းရှိ ရွှေ့ပြောင်းသူတို့ လူ့အခွင့်အရေးဆိုင်ရာအကာအကွယ်နှင့်တိုးတက်မှုဟူသောခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးအား ၄ရက်တိုင်တိုင် ဆိုးလ်ပလာဇာဟိုတယ်တွင် ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင်ပြည်တွင်းပြည်ပလူ့အခွင့်အရေးကျွမ်းကျင်သူများ၊အာရှဒေသများမှ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ခေါင်းဆောင်များ စုစုပေါင်း ၁၅၀ဦး တက်ရောက်ခဲ့ကြပြီး ရွှေ့ပြောင်းသူတို့၏လူ့အခွင့်အရေးဆိုင်ရာအကာအကွယ်နှင့်တိုးတက်မှုအတွက် အင်တိုက်အားတိုက်တက်ကြွစွာရှာဖွေကြရန် စီစဉ်မှုများပြုလုပ်ခဲ့ကြပါတယ်။နောက်ဆုံးနေ့မှာ အစည်းအဝေးဆုံးဖြတ်ချက်အဖြစ် ဆိုးလ်စာတမ်းဟုခေါ်တွင်သည့် အာရှရွှေ့ပြောင်းသူတို့၏လူ့အခွင့်အရေးအကာအကွယ်နှင့်တိုးတက်မှုအတွက်လု့အခွင့်အရေး
ကော်မရှင်များအ ကြားပူးပေါင်းဆောင်ရွက်မည့်လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ပါတယ်။

တဘက်တွင် အပြည်ပြည်ဆိုင်ရာအစည်းအဝေးဖွင့်ပွင့်ဂုဏ်ပြုအမှာစကားပြောကြားသည့် အစိုးရကိုယ်စားလှယ် ၀န်ကြီးချုပ်ဟန်ဆု(င်)ဆူးက ကိုရီးယားနိုင်ငံသည်လူ့အခွင့်အရေးတိုးတက်မှုရဲ့စံနမူနာတိုင်းပြည် ဖြစ်ပြီးယဉ်ကျေးမှုစုံအသိုင်းအ၀န်းနှင့်လူ့အခွင့်အရေးတို့တန်ဘိုးကိုအကာအကွယ်ပေးပြီး လေးစားမှုပေးကာရွှေ့ပြောင်းသူတို့ အတွက်အစွမ်းကုန်ကြိုးပမ်းသွားမည်ဟုပြောဆိုလိုက်ပါတယ်။
သို့သော်၂ရက်အကြာ နိုဝင်ဘာ၁၂ရက် နေ့တွင် တရားရေးဌာနမှ မာဆော့ဂ်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအား အကြီးအကျယ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သဖြင့် လေလုံးထွားလူ့အခွင့်အရေးဟူသည့် အမည်အားလက်ခံရမည့်အနေအထား ပင်ဖြစ်နေပါတယ်။

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP