လ၀က၀န်ထမ်းတွေ မာဆော့ဂ်မှာ အတင်းဝင်ရောက်ဖမ်းဆီးကြခြင်း

လွန်ခဲ့သော နိုဝင်ဘာလ၁၁ရက်နေ့က တရားရေးဝန်ကြီးဌာနဟာ လ၀က၀န်ထမ်းများနှင့်ရဲများ စုစုပေါင်း အယောက်၂၈၀အား အသုံးပြုကာ မာဆော့ဂ် ပရိဘောဂစက်မှုဇုန်နှင့် ဂယောင်ဂီ ယောန်ချောန်ခရိုင်အတွင်း အလုပ်လုပ်ကိုင်နေထိုင်ကြသော ရွှေ့ပြောင်းအလုပ်သမား အယောက်၁၃၀အား အတင်းစီးနင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

နမ်းယန်းဂျူးမြို့ မာဆော့ဂ်ပရိဘောဂစက်မှုဇုန်အတွင်း ၀င်ရောက်ဖမ်းဆီးချိန်ဟာ မနက် ၉နာရီမှ နေ့လည်၁နာရီ အထိဖြစ်ပြီး ၀င်ရောက်စီးနင်းသည့် လ၀ကနှင့်ရဲဝန်ထမ်းဦးရေမှာ အယောက်၁၀၀ကျော်ဖြစ်ပါတယ်။ မျက်မြင် သက်သေများ၏ အဆိုအရ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးစဉ် အသုံးပြုသည့်ကားများမှာ လ၀က သုံးဘတ်စ်ကား၁စီး၊ရဲဘတ်စ်ကား၂စီး။ဘန်ကား၇စီးဖြစ်ပြီး စက်မှုဇုန်ဝင်ပေါက် အားလုံးအား ဘတ်စ်ကားနှင့် ရဲဝန်ထမ်းအင်အားများဖြင့်ပိတ်ကာ ထွက်ပြေးသည့် ရွှေ့ပြောင်းအလုပ်သမားများအား အမဲလိုက်သကဲ့သို့ ဖမ်းဆီး ကြပါတယ်။အဲဒီနေ့ အဖမ်းဆီးခံခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေဟာ ၁၁၀ဦးဖြစ်ပြီး မာဆော့ဂ်ဒေသတွင်း နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေးရဲ့ ၁၀ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။
လ၀က၀န်ထမ်းများဟာ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံများအတွင်းသာမက နေ ထိုင်ရာ အခန်းများအတွင်းသို့ အတင်းအဓမ္မ၀င်ရောက်ခြင်း၊ပိတ်ထားတဲ့တံခါးများကိုရိုက်ချိုးပြီးဖွင့်ခြင်းစတဲ့ ဥပဒေမဲ့လုပ်ရပ်များကိုကျူးလွန်ခဲ့ကြပါတယ်။ဒါ့အပြင် ၀င်ရောက်ဖမ်းဆီးသူများဟာ မိမိတို့ရဲ့ ၀န်ထမ်းကတ်များ ကိုလည်းပြသခြင်းမရှိပဲ ၎င်းတို့ကိုတိုင် တရားရေးဌာနရဲ့စည်းကမ်းများကိုချိုးဖောက်ပြီး ဥပဒေမဲ့ ရွှေ့ပြောင်းအလုပ် သမားများအား လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။အတင်းအကြပ်ဖမ်းဆီးမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမှာ ယခုလက်ရှိစာရင်းအရ၇ဦးဖြစ်ပြီး ၃ဦးမှာ ခွဲစိပ်ကုသရမည့်အခြေအနေအထိ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ခင်ပွန်းသည်အဖမ်းခံရသဖြင့်တနှစ်အရွယ်ရင်သွေးငယ်နှင့်အတူကျန်ရစ်ခဲ့တဲ့ဇနီးဖြစ်သူ၊
အဖမ်းခံသွားရတဲ့မိခင်ဖြစ်သူကိုကြည့်ပြီးမျက်ရည်များကျဆင်းခဲ့ရတဲ့ ၅နှစ်အရွယ်ကလေးငယ် စတဲ့ ရင်နင့် ဖွယ်ဖြစ်ရပ်များက မာဆော့ဂ်ဒေသမှာပျံ့လွင့်နေပါတယ်။အဖမ်းဆီးမခံရပဲကျန်ရစ်ခဲ့တဲ့ရွှေ့ပြောင်းအလုပ်သမားများ ဟာလည်း မိမိတို့ရဲ့ဘယ်အချိန်မှာထိုကဲ့သို့ အဖမ်းအဆီးမျိုးကိုခံစားရမည်ဆိုတာကို တွေးတောကြောက်ရွံ့ ရင်း မလုံခြုံတဲ့နေ့ရက်များကိုဖြတ်သန်းနေနေကြပါတယ်။တဘက်မှာလည်း မာဆော့ဂ်စက်မှုဇုန်အတွင်းရွှေ့ပြောင်း အလုပ်သမားများကိုအသုံးပြုတဲ့လုပ်ငန်းရှင်များကလည်း စီးပွားရေးအခြေအနေမကောင်းတဲ့ယနေ့အချိန် အခါမျိုးမှာအလုပ်လုပ်ကိုင်သူအားလုံးကိုအခုလိုသိမ်းကျုံးပြီးဖမ်းသွားရင်ဘယ်သူကအလုပ်လာလုပ်မှာလဲဟူသည့် အစည်းအဝေးများပြုလုပ်နေပေမယ့်အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများအသုံးပြုမှုကြောင့်
ဥပဒေအရရင်ဆိုင်ဖြေရှင်းရမည်များကိုတွေးကြောက်ကာရှေ့ဆက်မတိုးဝင့်တဲ့အနေအထားမှာဖြစ်နေပါတယ်။
ရွှေ့ပြောင်းအလုပ်သမားပူးပေါင်းလှုပ်ရှားရေးအဖွဲ့နှင့်JCMKတို့ဟာသတင်းစာရှင်းလင်းပွဲများပြုလုပ်ပြီး
ယခုလိုအကြီးမားဆုံးသောအတင်းအကြပ်ဖမ်းဆီးမှုသည်လွန်ခဲ့တဲ့စက်တင်ဘာလအတွင်းတရားရေးဌာနမှထုတ်ပြန်ခဲ့တဲ့ယခုနှစ်ကုန်
အထိအထောက်အထားမဲ့နိုင်ငံခြားသားအလုပ်သမားဦးရေး၂သောင်းကိုဖမ်းဆီးကာ၅နှစ်အတွင်းစုစုပေါင်းဦးရေရဲ့
၁၀ရာခိုင်နှုန်းလျော့ချပြစ်မယ်ဆိုတဲ့အစီအစဉ်အရပထမဦးဆုံးကိုင်တွယ်မှုဖြစ်ကြောင်း၊တရားမဲ့ရက်ရက်စက်စက်အတင်း အကြပ်ကြမ်းကြမ်းတမ်းတမ်းဖမ်းဆီးခြင်းကိုချက်ချင်းရပ်တန့်ရန်တောင်းဆိုလိုက်ပါတယ်။

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP