လွန်ခဲ့တဲ့ ၁၉၆၀ခုနှစ်မှ ၁၉၇၀ခုနှစ်အထိ ဂျာမဏီနိုင်ငံတွင်း အခြေချနေထိုင်ခဲ့သည့် ကိုရီးယားနိုင်ငံသား သတ္တုတွင်းရွှေ့ပြောင်း အလုပ်သမား ၁၅၁ ယောက်ဟာ လွန်ခဲ့တဲ့ အောက်တိုဘာ၂၈ရက်နေ့က ကိုရီးယားနိုင်ငံသို့ အလည် လာရောက်ခဲ့ပါတယ်။ သူတို့ဟာ အလုပ်သမားရေးဝန်ကြီးဌာနရဲ့ ဖိတ်ခေါ်မှုကြောင့် အနှစ်၄၀အတွင်း မိခင်မြေ သို့ ခြေချ နိုင်ခဲ့တာဖြစ်ပြီး ကိုရီးယားယဉ်ကျေးမှုဆိုင်ရာဒေသများနှင့် လုပ်ငန်းခွင်များကို ၆ရက်တာ သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံစီးပွားရေး တိုးတက်မှု အတွက် ဂျာမဏီသတ္တုတွင်းများသို့ စေပို့ခြင်းခံရတဲ့ အလုပ်သမားဦးရေမှာ ၇၉၃၆ယောက်ဖြစ်ပြီး သူတို့ အလုပ်လုပ်ကိုင်ရင်း ရရှိသည့် ဒေါ်လာငွေများအား ကိုရီးယားနိုင်ငံသို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်းကြောင့် နိုင်ငံတွင်း ဒေါ်လာငွေ စုဆောင်းခြင်းသည် တိုးတက်လာခဲ့ရပါတယ်။ သူတို့ကျေးဇူးကြောင့် ကိုရီးယားနိုင်ငံစီးပွားရေး တိုးတက်လာခဲ့ရသော်လည်း သူတို့ရဲ့ဘ၀တွေကတော့ လုံးဝ ပြည့်ဝလုံလောက်မှု မရှိခဲ့ကြပါဘူး။
ကိုရီးယားအစိုးရဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ချီးမွမ်းပေးသော်လည်း လုံလောက်တဲ့ အကျိုးခံစားခွင့် များကိုတော့ မပေးခဲ့ပါဘူး။ဂျာမဏီအစိုးရမှ ပေးတဲ့လစာဖြင့် ပင်ပန်းစွာ ရပ်တည်နေထိုင်ခဲ့တဲ့ သူတို့ဟာ အမိနိုင်ငံစီးပွားရေး တိုး တက်မှုအတွက် အထူး အရေးပါခဲ့သူများ ဖြစ်ခဲ့ကြပေသော်ငြားလည်း စိတ်နှလုံး မသာမယာမှုများကိုတော့ ဖုံးကွယ်နိုင်ခြင်း မရှိကြပါဘူး။
ကမ္ဘာ့အနှံ့မှာရှိကြတဲ့ ကိုရီးယားနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများရဲ့နာကျင်မှုများဟာ လက်ရှိ ကိုရီးယားနိုင်ငံတွင်း ရှိကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့နာကျင်မှုများနှင့် အထူးအထွေကွဲပြား ခြားနားခြင်းမရှိပါဘူး။ ကိုရီးယားအစိုးရအနေဖြင့် ဂျာမဏီသို့ စေလွှတ်ခြင်းခံခဲ့ရတဲ့ သတ္တုတွင်းအလုပ်သမားများရဲ့စီး ဆင်းသွားတဲ့ မျက်ရည်တွေကို သုတ်ပေးဘို့ အချိန်တန်ပြီလို့ ထင်ပါတယ်ခင်ဗျာ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment