ကမ္ဘာတ၀ှမ်း တွင် အသုံးပြုနေသည့် ၀က်ဘ်ဆိုက်များ အား ထိန်းချုပ် ထားသည့် Code များအနက် အန္တရာယ် အများဆုံး Error အချို့ကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီက ဖော်ထုတ် ပေးခဲ့သည်။
Entry (၂၅) ခုတွင် လုံခြုံရေး ယိုပေါက်ကြီးများ ဖြစ်သေည်ကို အေဂျင်စီက တွေ့ရှိခဲ့ပြီး မေလန်ရှိ SANS ပညာရေး ဌာနက ယခုရှာဖွေမှုအတွက် ပူးပေါင်း ပါဝင်ခဲ့သည်။ ၀က်ဘ်ဆိုက်ပေါင်း (၁.၅) သန်းနှင့် ဆက်စပ် နေသော ထိုဟာကွက်များ ကို လိုအပ်သည့် ဖြည့်စွက်ချက်များဖြင့် ပြင်ဆင်ပေးရန် Software များ ရေးသား နေပြီဟု အေဂျင်စီက ကြေငြာသည်။ အဆိုပါ လုံခြုံရေး ဟာကွက်များ သည် တွေ့ဖူးသမျှ အနက် အဆိုးရွားဆုံး ဖြစ်ကြောင်း အေဂျင်စီ မှ ပညာရှင်များ က ၀န်ခံ ခဲ့ကြသည်။
ယခု တွေ့ရှိချက်ကို အမိမြေ ကာကွယ်ရေး အင်တာနက် လုံခြုံမှုဆိုင်ရာ အဖွဲ့အစည်းများ၊ Microsoft နှင့် Symantec တို့ဆီသို့ မျှဝေ ပေးခဲ့ပြီး လုံခြုံရေး အကြံဥာဏ် များ တောင်းခံ ခဲ့ကြောင်း သိရသည်။ ဆိုးဆိုးရွားရွား Error Code (၂၅) ခုထိ တွေ့ရှိခဲ့ကြောင်း၊ ထိုအမှားသည် Cyber ရာဇ၀တ်သားများအတွက် မျက်စိကျစရာ အားနည်းချက်များ ဖြစ်ကြောင်း Microsoft ကလည်း ကြေငြာသွားသည်။
(လူထုအသံမှ ကူးယူဖော်ပြပါသည်။)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment