သွားရောဂါ အခမဲ့ဆေးဝါးကုသပေးမည့် အစီအစဉ်

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သည် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးလိုသော စေတနာဖြင့် ကိုရီးယားဗုဒ္ဓဘာသာဝင်များအဖွဲ့ချုပ်၏ ကျန်းမာရေး ၀န်ထမ်းများနှင့် ပူးပေါင်း၍ `မြန်မာနိုင်ငံသားများအတွက် အခမဲ့ဆေးဝါးကုသပေးမှု´ အစီအစဉ်ကို နှစ်သစ်အခါသမယ တွင် တတိယအကြိမ်အဖြစ် ၁၁.၁.၂၀၀၉ (တနင်္ဂနွေ)နေ့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် စီစဉ်ထားရှိပါသည်။
ယ္ခု အကြိမ်တွင် သွား ရောဂါ တစ်မျိုးတည်း ကိုသာ အထူး အစီ အစဉ် အဖြစ် လာရောက် ကုသပေးမည် ဖြစ်ပါသည်။ ကိုရီးယား နိုင်ငံတွင် သွား ရောဂါ ဆေးဝါးကုသမှု သည် စရိတ် အင်မတန် ကြီးမြင့် ပါသဖြင့်မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့ ရရှိသော ဤ အခွင့်အရေးအား လက်လွတ်မခံဘဲ ဆေးဝါးလာရောက်ကုသမှုခံယူကြပါရန် မိတ်သင်္ဂဟအပေါင်းအား ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါ သည်။


ကုသပေးမည့် ရောဂါဝေဒနာများ

သွား ကိုက်ခြင်း၊ သွား နာခြင်း၊ သွား နှုတ်ခြင်း၊ သွား ဖာခြင်း၊ သွား ဖုံးရောင်ခြင်း၊ သွား ခြစ်ခြင်း

ကုသပေးမည့် နေရာ

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား )

ကုသပေးမည့် အချိန်

နေ့လယ် ၁၂ နာရီ မှ ညနေ ၄ နာရီ အထိ


‘ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မူ အစီအစဉ်' ဖြစ်ပါသည်။

အကျိုးတော်ဆောင်အဖွဲ့
၀၃၂ - ၅၁၁ ၂၈၄၁

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP