ကလေးကိုဖမ်းထဲ့ထားတဲ့ကား
ဂယောင်နမ်း ဂေါဂျဲ့မြို့မှာ ကလေးငယ်ကို ပြန်ပေးဆွဲတဲ့ အသက်၄၀အရွယ် ပြန်ပေးသမားကို ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။
ဂေါဂျဲ့ရဲဌာနက ၂၃ရက်နေ့ မနက် ၄နာရီမှာ ဂန်ရုန်းမြို့ ဂရိုရပ်ကွက်မှာရှိတဲ့ မိုတယ်တည်းခိုနေတဲ့ ပြန်ပေးသမား ချွဲ…ဆိုသူကို အမှုဖြစ်ပြီး ၁၁ရက်မြောက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ချွဲ…ဆိုသူဟာ လွန်ခဲ့တဲ့ ၁၂ရက်နေ့က ဂေါဂျဲ့မြို့ ဆန်းဒုန်းရပ်ကွက်က အပါတ်မန့်တခုကိုဝင်ပြီး အခန်းကို မြေလှန်ဖျက်ဆီးပြီး ၅နှစ်သား သမီးလေးနဲ့အတူ အိမ်ပြန်လာတဲ့ အမေဖြစ်တဲ့သူကို ခြိမ်းခြောက် ကြိုးတုတ်ပြီး သမီးလေးကို ပြန်ပေးစွဲသွားခဲ့ပါ တယ်။အဲ့ဒီလူဟာ နောက်တနေ့ အဝေးပြေးလမ်းမကြီးပေါ်က လက်မှတ်ဂိတ်မှာ ရှာဖွေနေတဲ့ ရဲတွေကို ရှောင်ဘို့ ကလေးကို ကားထဲမှာထားခဲ့ပြီး ထွက်ပြေးသွားပါတယ်။
လက်ရှိ ဖမ်းခံထားရတဲ့ ပြန်ပေးသမားကို ပြန်ပေးမှု၊ဒမြမှုနဲ့ တရားစွဲဆိုဘို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment