ရဲတွေကတားဆီးနေပေမယ့် လူမှုအဖွဲ့အစည်းများသည် သတ်မှတ်ထားသည့်အတိုင်း ဂျန်န၀ါရီလ၃၁ရက်နေ့ ညနေ၄နာရီ ဆိုးလ် ချောင်းဂယဲ့ရင်ပြင်တွင် ပြည်လုံးကျွတ်မီးထွန်းဆုတောင်းပွဲအား ကျင်းပရန် စီစဉ်နေသဖြင့် ရုန်ရင်းဆန်ခတ်မှုများ ဖြစ်ပွားနိုင်ကြောင်း သိရပါတယ်။
အီမြောင်ဘတ်အစိုးရရဲ့ ယုန်ဆန်းဒေသတွင်းမှ ရွှေ့ပြောင်းပေးရမည့်သူများအပေါ် သတ်ဖြတ်မှုအား ဆန့်ကျင်သည့်
လူထုလှုပ်ရှားမှုကော်မတီသည် ယနေ့တွင် သတင်းစာရှင်းလင်းပွဲအား ပြုလုပ်ပြီး ငြိမ်းချမ်းစွာဖြင့် မီးထွန်းဆန္ဒပြပွဲအား ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်းအား အကြိမ်များစွာ ရှင်းလင်းထုတ်ဖော်ပြောကြားခဲ့သော်ငြားလည်း ရဲများက မြို့တော်ရင်ပြင်ကို ဖျက်ဆီးနေသည်ဟု စွတ်စွဲလျှက်ရှိနေပါတယ်။
လူထုလှုပ်ရှားမှုကော်မတီဥက္ကဌဘာ့ဂ်ယဲဂုန်က မီးထွန်းဆုတောင်းပွဲဆိုတာ ရဲဆီကခွင့်ပြုချက်မလိုပေမယ့် ဒါကို ရဲတွေက တရားမ၀င်ဆန္ဒပြပွဲလို့ဆိုပြီး တားမြစ်နေပါတယ်လို့ပြောဆိုလိုက်ပါတယ်။
ရဲတွေဟာ ချောင်းဂယဲ့ရင်ပြင်ကို ရဲဘတ်စ်ကား၁၅စီး၊ ရဲအင်အား၁၃၅၀ဖြင့် ပိတ်ထားပြီး မီးထွန်းဆုတောင်းပွဲတွင် ပူးပေါင်းပါဝင်မည့် ပြည်သူများကို ၀င်ခွင့်မပေးပဲရှိနေပါတယ်။ညနေ၄နာရီမှာ ရင်ပြင်ကို ၀င်ရောက်မယ့်ပြည်သူတွေနဲ့ ၀င်ခွင့်မပေးနိုင်ဘူးဆိုတဲ့ ရဲတွေရဲ့ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်နေပါတယ်။ တဘက်မှာလည်းနေ့လည်၂နာရီကတည်းကစတင်ပြီးအကြိုဆန္ဒပြပွဲကိုပြုလုပ်ခဲ့တဲ့လူဦးရေ၇၀၀ကလည်းညနေဘက် ရင်ပြင်မှာကျင်းပမည့်မီးထွန်းဆန္ဒပြပွဲမှာအတူပူးပေါင်းဘို့ကြိုးစားနေတာကြောင့်အဓိကရုဏ်းဖြစ်မှုနှုန်းပိုမိုမြင့်မားလာနေပါ
တယ်။
လွန်ခဲ့တဲ့ယုန်ဆန်းဒေသသပိတ်စခန်းတွင်းသေဆုံးခဲ့ကြတဲ့ပြည်သူတွေရဲ့ဓာတ်ပုံကိုကိုင်ဆောင်ပြီးဆိုးလ်ဘူတာရှေ့မှ
ရင်ပြင်အထိချီတက်မည့်ပြည်သူများဟာရဲများရဲ့တားဆီးမှုကြောင့်မြေအောက်ရထားစသည်ကိုစီးပြီးချီတက်မှုကိုဆက်လက်
ပြုလုပ်နေကြပါတယ်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment