SOCIAL AID GROUP OF BURMA(SAGB)

နောက်ခံသမိုင်းကြောင်း

ကျွန်ုပ်တို့သည် ၁၉၈၈ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ပြီးမှာ မြန်မာစစ်အစိုးရ၏ အဖမ်းအဆီးနှင့် နှိပ်စက်မှုမှလွတ်မြောက်ရန် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်လာတဲ့ နိုင်ငံရေးလှုပ်ရှားသူများဖြစ် ကြပါ တယ်။ နောက်ပိုင်းမှာ ကျွန်ုပ်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် မြန်မာနိုင်ငံ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်လာကြသည်။ ကျွန်ုပ်တို့အထဲမှ တချို့သည် ယခုအထိ ၎င်းအဖွဲ့အစည်းများမှာ အလုပ်ဆက်လုပ်နေကြပါသည်။ ထို့အပြင် အဖွဲ့တွင်ငွေကြေးဖြင့်ထောက်ပံ့အားပေးသူများဖြစ်သော မဲဆောက်တွင် အနည်းဆုံး အနှစ်နှစ်ဆယ် အခြေချနေထိုင်သည့် မြန်မာဘုန်းတော်ကြီးများမှ လည်း ဦးဆောင်ပါဝင်ပါသည်။ ဒါရိုက်တာနှင့် ဒု-ဒါရိုက်တာသည် နိုင်ငံခြား ပတ်စပို့ကိုင်ဆောင်သူများဖြစ်ကြပါသည်။ လက်ရှိ နိုင်ငံခြားတိုင်းပြည်များ၌ နေထိုင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များမှ ငွေကြေးကူညီမှု များလည်းရှိပါသည်။ ကျွန်ုပ်တို့အဖွဲ့၏ ဖွဲ့စည်းမှုပုံစံများကို အောက်တွင်ဖော်ပြ ထားပါသည်။


ငွေကြေးဖြင့်ထောက်ပံ့ကူညီပေးသောအဖွဲ့



၁။ ကျောင်းထိုင်ဘုန်းကြီး ဦးသြဘာ (ကျောင်းကြီး ဘုန်းတော်ကြီးကျောင်း၊ မဲဆောက်)

၂။ ကျောင်းထိုင်ဘုန်းကြီး ဦးမဟိန္ဒ (တောရ ဘုန်းတော်ကြီးကျောင်း၊ မဲဆောက်)

၃။ ကျောင်းထိုင်ဘုန်းကြီး ဘန္ဒသောမ ( ဘွဲကလား ဘုန်းတော်ကြီးကျောင်၊ မဲဆောက်)


အုပ်ချုပ်ရေးလုပ်ငန်းအဖွဲ့



၁။ ကိုသက်စိုးလွင် (ဒါရိုက်တာ)

၂။ ကိုရဲဟိန်း (ဒု- ဒါရိုက်တာ)

၃။ ကိုသောင်းတန်ချို (ဘဏ္ဍာရေး)

၎။ ဒေါ်မြင့်မြင့် (အမျိုးသမီးရေး)

၅။ ကိုကျော်စွာလင်း (တောင်ကိုးရီးယား ကိုယ်စားလှယ်)

၆။ ကိုသက်နိုင်ဦး (တောင်ကိုးရီးယား ကိုယ်စားလှယ်)

၇။ ကိုသိန်းထိုက် (ကျော်ထွန်း) (အမေရိကန် အင်ဒီးရားနား ပြည်နယ်ကိုယ်စားလှယ်)

၈။ ဒေါက်တာနိုင်လင်း (မလေးရှားကိုယ်စားလှယ်)

၉။၊ ဦးသက်နိုင် (ကနေဒါကိုယ်စားလှယ်)

၁၀။ ကိုလင်းလင်း (နော်ဝေးကိုယ်စားလှယ်)

၁၁။ ကိုကြည်လှိုင် (နော်ဝေးကိုယ်စားလှယ်)

၁၂။ ကိုထွဋ်(စီမံကိန်းမန်နေဂျာ)

၁၃၊ ကိုနိုင်ဝင်း (ထိုင်းနိုင်ငံကိုယ်စားလှယ်)


စီမံကိန်းနောက်ခံသမိုင်းကြောင်း



မြန်မာပြည်၏စီးပွားရေးချွတ်ခြုံကျမှု၊အလုပ်လက်မဲ့ပြဿနာနှင့် အခြား လူ့အခွင့် အရေးချိုးဖောက်ခံရမှုအခြေ အနေများကြောင့် မြန်မာပြည်ရှိလူ အများစုသည် ထိုင်းနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံများ၏ အလုပ်ရှာဖွေရန် ထွက်ပြေးခဲ့ကြပါသည်။အစီရင်ခံစာများနှင့်ကျွန်ုပ်တို့လေ့လာတွေ့ရှိချက်များအရ မြန်မာတရားမ၀င် အလုပ်သမားပေါင်း (၃) သိန်းခန့်ရှိပါသည်။ ထိုအထဲမှ တ၀က်ခန့်လောက်မှာ တဦးကို (၄)ထောင်ဘတ်လောက် ကုန်ကျမည့် ထိုင်း အစိုးရမှထုတ်ပေးသော တရားဝင်အလုပ်သမားလက်မှတ် ရှိကြပါ။ မဲဆောက် နယ်စပ်ဒေသမှာရှိသော ထိုအလုပ်အမားများ၏ နေထိုင်မှု၊ အစားအစာရရှိမှု၊ လုံခြုံရေးအခြေအနေများသည် တခြားတရားမ၀င် အလုပ်သမားများထက် ပို၍ဆိုးပါသည်။ ၎င်းတို့မှာ ဆိုးသွမ်းသောအလုပ်ရှင်မှ ထောက်ပံ့ပေးထားသော အစားအစာများနှင့် ညစ်ပတ်နေသော အခန်းများ၌သာ နေထိုင်ရပါသည်။ အလုပ်ရုံအပြင်ဘက် ထွက်သည့်အခါ သို့မဟုတ် ထိုင်းရဲမှ သူတို့စက်ရုံထဲသို့ ရုတ်တရက်ဝင်ရောက်လာလျှင်လည်း အချိန်မရွေးအဖမ်းခံရနိုင်ပါသည်။တရား မ၀င်မြန်မာအလုပ်သမားအများစုမှာ နေ့စဉ် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီး ခြင်းကိုခံကြရသည်။ မဲဆောက်ရဲစခန်းနှင့် အကျဉ်းထောင်များမှာ ၎င်းတို့နှင့် ပြည့်နှက်လျက်ရှိပါသည်။ အကျဉ်းထောင်အတွင်း ၎င်းတို့နေထိုင်ရေး အခြေ အနေမှာ အလွန်ကိုခက်ခဲဆိုးဝါးပါသည်။ သူတို့ အစားအစာလုံလောက် မှုမရ ရှိ။ ရေမရရှိသည့်အပြင် အခြားခက်ခဲမှုများလည်း ရှိပါသည်။ ၎င်းတို့ကို ထိုင်းရဲ များမှ လူသားကဲ့သို့ ဆက်ဆံမှုများလည်းမရရှိပါ။ တရားမ၀င်မြန်မာအလုပ် သမားများသည် သူတို့၏ သူငယ်ချင်းများနှင့် မိသားစုဝင်များ သေဆုံးသွား သောာအခါ အလောင်းကိုမြှေုပ်သင်္ဂြုံလ်ရန်နှင့် အသုဘချရန်အခက်အခဲကို အမြဲတမ်းရင်ဆိုင်ကြုံတွေ့ကြရပါသည်။ မြန်မာတရားမ၀င်အလုပ်သမားများအတွက် ထိုင်းနိုင်ငံ၌နေထိုင်ရသောဘ၀မှာ ခက်ခဲကြမ်းတမ်းပြီး စိန်ခေါ်မှုများရှိသော်လည်း ၎င်းတို့ရွေးချယ်စရာလမ်း မရှိ သောကြောင့် အသက်ရှင်ရပ်တည်မှုအတွက် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ် လုပ်ရန် တွန်းအားပေးသောအခြေအနေများ ရှိနေသောကြောင့် ဖြစ်ပါသည်။


စီမံကိန်းလှုပ်ရှားမှုများ



(က)အသုဘလုပ်ငန်းနှင့် အလောင်းကိုမြေမြှုပ်ဂူသွင်းသည်ကဏ္ဍ


တလတကြိမ် အနည်းဆုံးလူနှစ်ဆယ်ဦးသေဆုံးသည်။ နှစ်စဉ်နှစ်တိုင်း မဲဆောက်ဧရိယာ၏ နေထိုင်သော မြန်မာလူထု (၂၀၀)ခန့် သေဆုံးကြသည်။ အများဆုံးလိုအပ်နေသော အသုဘလုပ်ငန်း (၅)ခုကို ကျွန်ုပ်တို့ ထောက်ပံ့ ကူညီပေးမည်။

အသုဘအတွက်ဘုရားကျောင်းဝင်းထဲ့မဟုတ်သောသချုင်္ံင်းမြေအတွက် အခကြေးငွေ၊ အသုဘသေတ္တာခေါင်း၊ ဘာသာရေးနှင့် သက်ဆိုင်သောလုပ် ငန်းများအတွက် အခကြေးငွေနှင့် အခြားအခြေခံကျသောလိုအပ်မှုများကို ကျွှန်ုပ်တို့ ထောက်ပံ့ပေးမည်။

ကျွှန်ုပ်တို့၏ အသုဘကားနှင့်အတူ သေဆုံးသူများကိုယူဆောင်ခေါ် ယူပေးမည်။ အထက်မှာဖော်ပြထားသော အရာဝတ္တုပစ္စည်းများကို ထောက်ပံ့ ပေးခြင်းအပြင် ဒုက္ခရောက်နေသောလူများနှင့် ၎င်းတို့မိသားစုဝင်များ၏ အသုဘလုပ်ငန်းများကို ချောချောမွေ့မွေ့ဖြစ်ရန်ကူညီဆောင်ရွက်ပေးမည်။

ကားသည် စီမံကိန်းကို အကောင်အထည်ဖော်ရန် အခြေခံအကျဆုံးဖြစ်ပြီး ၄င်းသည် သုဘလုပ်ငန်းအတွက်သာမကဘဲ တရားမ၀င်အလုပ်သမားများကို ရဲစခန်းနှင့် ထောင်အတွင်းထိန်သိန်းခံနေရစဉ် အစားအစာ၊ ရေနှင့် အခြေခံ လိုအပ်မှုများ ထောက်ပံ့ပေးရန်အတွက်လည်း အသုံးဝင်ပါသည်။


(ခ) တရားမ၀င်အလုပ်သမားများ ဖမ်းဆီးချုပ်နှောင်ခံနေရစဉ်အတွင်း အစားအစာနှင့်အခြေခံလိုအပ်မှုများ


မဲဆောက်မြို့၌ အကျဉ်းထောင် (၁)ခုနှင့် ရဲစခန်း (၈) ခု ရှိပါသည်။ အကျဉ်းထောင်များအားလုံး၌ တရက်လျှင် တရားမ၀င် မြန်မာအလုပ်သမား ဦးရေအနီးစပ်ဆုံး (၂၀၀)နှင့် (၃၀၀)ဦးကြား များသောအားဖြင့် ရှိနေပါသည်။ အဖမ်းဆီး ခံထားရသူများသည် သင့်တင့်မျှတသော အစားအစာအလုံ အလောက်ထောက်ပံ့မှု မရရှိကြပါ။ အကျဉ်းသားများအတွက် သောက်ရေ လည်းမရရှိပါ။ ၎င်းတို့ သန့်ရှင်းရန်အတွက်သာ ရေရှိပါသည်။ သန့်စင်ခန်းထဲ တွင်ရှိသော ရေတိုင်ကီထဲမှ ရေကိုသာသောက်ရပါသည်။ အကျဉ်းသားများ ကိုဝင်ရောက်တွေ့ဆုံရန် ထောင်အရာရှိများကို ကျွန်ုပ်တို့ ဆက်သွယ်ရလိမ့် မည်။ ထောင်ရှစ်ခု၏ အကျဉ်းသားများနေ့စဉ်အလိုအပ်ဆုံးဖြစ်သည့် သောက် ရေပုလင်း (၅၀)နှင့် ဆန်အိတ် (၁၀၀)ကို ကျွန်ုပ်တို့မှ ထောက်ပံ့ကူညီပေးလိမ့် မည်။


(ဂ) ပညာရေး၊ စာအုပ်ထုတ်ဝေခြင်းနှင့် ဆက်သွယ်ရေး


ကျွန်ုပ်တို့သည် တရားမ၀င်အလုပ်သမားများကို အသုဘလုပ်ငန်းများနှင့် အစားအစာများထောက်ပံ့ပေးသည့်အပြင်၊ အခြားအခြေခံကျသော လူမှုရေး ပြဿနာများ ကူညီဖြေရှင်းပေးရန် သူတို့နှင့်ဆက်သွယ်မှုများ ပြုလုပ်မည်။ ကျွန်ုပ်တို့၏ အဖွဲ့အစည်းအကြောင်း၊ အခြားပညာပေးရေးခေါင်းစဉ်များနှင့် ဆက်စပ်နေသော လူအခွင့်အရေးနှင့် ကျန်းမာရေး ပညာပေးရေးအကြောင်း အရာများကို လက်ကမ်းစာစောင်များနှင့် စာအုပ်ငယ်များ ထုတ်ဝေဖြန့်ချိပေး မည်။ တရားမ၀င် အလုပ်သမားများကြား၌ ထိုစာစောင်များကို ကျယ်ကျယ် ပြန့်ပြန့်ထုတ်ဝေသွားမည်ဖြစ်သည်။ ယခု လောလောဆယ်တွင် နိုင်ငံရေး အကြောင်းအရာများနှင့် အထွေထွေဗဟုသုတများပါဝင်သော မိမိတို့အဖွဲ့၏ လစဉ်ဂျာနယ်ဖြစ်သည့် ဗေဒါလမ်းဂျာနယ်ကို ထုတ်ဝေလျှက်ရှိပါသည်။ ကျွန်ုပ်တို့ဂျာနယ်များကို တရားမ၀င်အလုပ်သမားများကို အဓိကထား၍ ဖြန့်ဝေ ပေးသွားမည်ဖြစ်သည်။














ဖိုး၊ဖွားရိပ်သာတည်ဆောက်ရန်အတွက် လှူဒါန်းနိုင်ပါသည်


0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP