ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် တံဆိပ်ခေါင်းထွက်မည်

ကုလသမဂ္ဂရဲ့ တတိယအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့  နှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုးကို ရှေ့ နှစ်မှာ ထုတ်ဝေမယ်လို့ ကုလသမဂ္ဂစာတိုက်ဌာနမှ ကြေငြာထားသည်။

ဦးသန့် ဟာ ၁၉၆၁ ကနေ ၁၉၇၁ အထိ ကုလသမဂ္ဂမှာ (၁၀) နှစ် တာဝန်ထမ်းဆောင်ခဲ့သည့် တစ်ဦးတည်းသော မြန်မာနိုင်ငံသားဖြစ်ပါသည်။ ဦးသန့်ဟာ တာဝန်ယူစဉ်အတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးအပါအ၀င် လူသားတွေရဲ့  အကျိုးစီးပွားကို ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့လို့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် တံဆိပ်ခေါင်း (၃)မျိုး ထုတ်ဝေကာ ဂုဏ်ပြုမည်ဟုသိရသည်။
ဦးသန့်ရဲ့  ဈာပနအခမ်းအနားကို ထိုအချိန်က ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရက ထိုက်ထိုက်တန်တန်မကျင်းပခဲ့တဲ့အတွက် လူထုဆန္ဒပြပွဲကြီးဖြစ်ပေါ်ခဲ့ပြီး ဦးသန့်အရေးအခင်းအဖြစ် မြန်မာနိုင်ငံတွင် ထင်ရှားခဲ့ပါသည်။ (ဘီဘီစီ)

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP