အညှာသားတို့ပြောင်းလဲကုန်လို့

တနေ့သ၌ အညှာသား ဗိုလ်ချုပ်မှူးကြီးသည် နှစ်အတန်ကြာကတည်းက မရောက်ဖြစ် သည့် ဇာတိနယ်မြေ ကိုအလွန်အမင်းလွမ်းဆွတ်သဖြင့် အလည်သွားရန်စီစဉ်လေ၏၊ ခရီးစဉ်မစမီ ပြင်ဆင်စရာများ ကိုပြင်ပြီး ထုံးစံအတိုင်း ရေချိုးခန်းဝင်၏၊
အသားညိုညို ၀၀ ဖိုင့်ဖိုင့် မျက်နှာဖေါင်းဖေါင်း၊ ပါးဇောင် ကားကားနှင့် အညှာသား လယ် သမား ပုံ ဗိုလ်ချုပ်မှူးကြီးသည် ရေးချိုးခန်းတွင်းရှိ မှန်ကိုကြည့်ကာ တစုံတရာ တွေးပြီး ပီတိ ဖြစ်နေလေသည်။ ဗိုလ်ချုပ်မှူးကြီးသည် ရေချိုးရမည်ကိုပင် မေ့နေလောက်အောင် အတွေး နယ်ထဲမျောပါနေ၏၊ အတွေးများမှာ -----
ဗိုလ်ချုပ်မှူးကြီးသည် ငယ်စဉ်တောင်ကျေးဘ၀က သားအေးတို့၊ မိခွေးတို့နဲ့ ရထား လမ်းဘေး မှာ ပြေးလွှားဆော့ ကစား ခဲ့သည်များကို စမြုံ့ ပြန်ရင်း ပီတိဖြစ်နေသည် လည်းဖြစ်နိုင်၏။

(သို့ မဟုတ်)
အညှာသား လူညိုထွား တစ်ယောက် ကံကြမာ၏ဖေးမှမှုကြောင့် သို့တည်းမဟုတ် သူ၏ လုံ့လ ၀ရိယကြောင့် နိုင်ငံ တော်အကြီးအကဲဖြစ်နေရသည်တွေး၍ ပီတိဖြာနေ ခြင်းလည်း ဖြစ်နိုင်၏၊
(သို့မဟုတ်)
နိုင်ငံတော်အကြီးအကဲ မျိုးဆက် ဆက်ခံမည့်သူ ရွေးချယ်ထားခြင်းနှင့် ပတ်သက်၍ တွေးကာ ပြုံးနေခြင်းလည်းဖြစ်နိုင်၏။
(သို့မဟုတ်)
သခင်တစ်ဦး၏ တပ်မတော်အားချီးမွမ်းထားသည့် အင်တာဗျုး တခု အပေါ် ဗိုလ်ချုပ် မှူးကြီး သည် ၄င်း၏ အမျိုးချစ်စိတ်။ အမျိုးဘာသာ သာသနာချစ်စိတ် ဆောင်ပုဒ်ဖြင့် စည်းရုံး ဆောင်ရွက်မှု အောင်မြင်နေကြောင်း စသည်--- စသည်ဖြင့် အတွေးနယ်ချဲ့ ကာ ပြုံးနေခြင်း လည်း ဖြစ်နိုင်သည် ဟူ၍ အမျိုးမျိုးသောဖြစ်နိုင်ချေများကို ချုပ်မှူးကြီး အိမ်တော်ဝန်ထမ်းများက မှတ်ချက်ပြုသည်ဟူ၏။
( မကြာမီတွင် ရေချိုးပြီးသွားသည်၊ ခရီးထွက်သည်----မန်းရွှေမြို့တော်မှတဆင့် ဇာတိရပ်ရွာ အနီးအနားရှိ ကြွက်နီ တို့ ခွေးပု တို့ ထွေးညိုတို့ ရွာများသို့လည်း ကားဖြင့် သွားရောက် လှည့် ပတ် ကြည့်ရှူ့ခဲ့သည်၊ ရွာဦးကျောင်းနှင့် သင်းချိုင်းကုန်းပါမကျန် လှည့်လည်ကြည့်ရှု့သည် ဟူ ၏။)
ရေးချိုးမည့်ဟန်ပြင်ကတည်းက တပြုံးပြုံးနှင့် ဖြစ်နေသော ဗိုလ်ချုပ်မှုးကြီးသည်၊ ဇာတိမြေသို့ ခြေချမိသည့်အချိန်မှ စ၍ မရွှင်မပြဖြစ်နေသည်မှာ အိမ်ပြန်ရောက်သည် အထိပင်။ ခရီးအတွေ့ အကြုံကို ဇနီးသည်အားပြောပြ၏။
ဗိုလ်ချုပ်မှူးကြီး၊ ။ -- ရှင်မရေ --- ဒို့ ဇာတိချက်ကြွေ အညှာမြေက တော့ အတော့် ကိုပြောင်းလဲသွားပါပကော ရှင်မရေ-
ဗိုလ်ချုပ်မှူးကြီး ကတော်၊ ။ -- ဆိုစမ်းပါဦးတော်--- ဘာတွေများ တိုးတက် ပြောင်းလဲ သွားသတဲ့တုံး၊
ဗိုလ်ချုပ်မှူးကြီး၊ ။ -- လူတွေ လေ-- လူ တွေ ပြောင်းလဲကုန်တာ ရှင်မရဲ့၊ အညှာက အခု လူတွေဟာ အရင်အညှာသားတွေလို ညိုညို တုတ်တုတ် အညှာရုပ်တွေမဟုတ်တော့ဘူး။ အသားအရည် အဆင်း အင်္ဂါတွေ ပြောင်းကုန်ပြီ။ စကားပြောဟန် အသံတွေ ကလည်း အညှာ လေသံ မပေါက်တော့ဘူး- သူတို့ပြောတဲ့ စကားက--ဘာတဲ့--- ကိုယ်လဲ နားမ လည်ဘူး--- ရှင်မရေ၊
ချုပ်မှူးကြီးကတော်။ ။ -- အလို-- ဘုရားရေ--- ဒါ ကမ္ဘာကြီး ပူနွေး လာတာ ကြောင့်များ လားဘဲ -- အို၊ ဒါ - သိပ်လဲစိုးရိမ်စရာတော့ မဟုတ်ပါဘူး၊ “ယတြာ” ချေပီး မြောက်အရပ်က ကမ္ဘာစောင့် နတ်ကြီးကို “ပသ” လိုက်ပါလား မောင်ကြီးရဲ့။
ဇနီးသည်ပေးသည့် အကြံ ကို ဒါလဲကောင်းသားဘဲဟု ရေရွတ်ကာ ချုပ်မှူးကြီး ပြုံးလေသည် ဟူ၏)
ပဏ္ဍိတ

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP