န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်တို့သည် ၄င်းတို့ အာဏာ တည်မြဲရေးအတွက် ပြည်သူနှင့် ကမ္ဘာကို မျက်လှည့် ပြလေ့ရှိကြသည်။ သို့ပေမယ့် ၄င်းတို့ မျက်လှည့်ပညာကပဲ မကျွမ်းကျင်၍လား၊ ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကပဲပါးနပ်လွန်းနေ၍လားမသိ။ ယင်းတို့၏ မျက်လှည့်ပြကွက်များမှာ ရှေ့ကဖုံး၊ နောက်ကပေါ်ဖြစ်ကာ မြင်မကောင်း၊ ရှုမကောင်းဖြင့်ဇာတ်သိမ်းမလှ ဖြစ်တတ်လေ့ရှိသည်။
မျက်လှည့်ဆရာ စစ်အုပ်စု၁၉၈၈ တွင် မဆလပါတီ ဇာတ်သိမ်း၍ လူထုတိုက်ပွဲ အရှိန်ရလာသည်ကို အာဏာသုံး၍ ရက်ရက်စက်စက် ဖြိုခွဲခဲ့ကြသည်။ယင်းသို့ မဆင်မခြင် ရမ်းရမ်းကားကား နိုင်ငံတော် လူသတ်မှု ကျူးလွန်မှုများကြောင့် ကျောင်းသားတပ်မတော် ပေါ်ပေါက်လာသည်။ စစ်ရေးဒေသ အသီးသီးတွင် လက်နက်ကိုင်လှုပ်ရှားမှုများ အားကောင်းလာသည်။ နိုင်ငံတကာမှ အာရုံစိုက်မှုမြင့်တက်လာသည်။ ဤသည်ကို ကုစားရန်ကား န၀တတွင် မျက်လှည့်ပြကွက်တခုသာ ရှိသည်။ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း နည်းလမ်းများအရ တိုင်းပြည်အာဏာကို ခေတ္တ ထိန်းသိမ်းသော ကြားဖြတ်အစိုးရဆိုလျှင် နိုင်ငံတကာ အာရုံစိုက်မှု လျော့ကျသွားနိုင်သည်။ လူထု၏ တော်လှန်ရေး အရှိန် ငြိမ်ကျသွားနိုင်သည်။
တော်လှန်ရေးအင်အားစုများ အကြားတွင် ပလက်ဖောင်းမျိုးစုံဖြင့် တိုက်ပွဲဝင်မှုများ ပေါ်ပေါက်လာမည်ဖြစ်သောကြောင့် အင်အားစုများပြန့်ကျဲသွားနိုင်သည်။ ဤတွက်ကိန်းဖြင့် န၀တက တရားဝင် ပါတီထောင်ခွင့်များ ပေးလိုက်သည်။ တရားမျှတသောရွေးကောက်ပွဲကို ကျင်းပရန် ကြေညာသည်။ ပြည်တွင်းအင်အားစုများ ပါတီများ၊ ရွေးကောက်ပွဲကိစ္စများနှင့် ရှုပ်ကုန်ကြသည်။
ထိုအချိန်တွင်မှ ပစ်မှတ်ကို လက်နက်ကိုင် အင်အားစုများဘက်သို့ ဦးတည်လိုက်သည်။ စစ်ရေး၊ စည်းရုံးရေး နည်းလမ်းမျိုးစုံဖြင့်မီးစတဘက်၊ ရေမှုတ်တဘက် လမ်းစဉ်ကို ကျင့်သုံးသည်။ စစ်ဆင်ရေးများ တဘက်က ဆင်နွှဲနေစဉ်ဝယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စည်းရုံးရေးလုပ်ငန်းများ စတင်လုပ်သည်။ အခွင့်အရေးများ ပေးသည်။ ဤနည်းဖြင့်တိုင်းရင်းသားအဖွဲ့များ တဖွဲ့ပြီး တဖွဲ့ န၀တ ထောင်ချောက်ထဲ ရောက်ကုန်ခဲ့ကြသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် န၀တမျက်လှည့်ပြကွက်က လှပသယောင် ထင်ရပါသည်။ သို့ပေမယ့် မျက်လှည့်ဆရာ စစ်အုပ်စုတို့၏ ပြကွက်ကြောင့် ၉၀ရွေးကောက်ပွဲရလာဒ် ထွက်ပေါ်လာတော့သည်။
န၀တ စစ်အုပ်စုတို့အတွက် ၉၀ ရွေးကောက်ပွဲရလာဒ်သည် လောင်းကြေး ကြီးကြီးပေး၍ ကစားခဲ့ရသော ပွဲတခုသဖွယ်ဖြစ်သွားခဲ့သည။် တစညကို မည်သို့ပင် အားပေးအားမြှောက် လုပ်ခဲ့သော်လည်း လူထု၏ အသဲကြားက မဲတပြားကိုမတားဆီးနိုင်ခ့။ဲ ဤမှာတင် စစ်အုပ်စုတို့ မျက်လုံးပြူးကြတော့သည်။ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည့် ဗိုလ်စောမောင်ကိုအမြန် ဖြုတ်ချပစ်လိုက်သည်။ ၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးရန် ရည်ရွယ်ချက်ဟူ၍ ကြေညာသည်။အမျိုးသားညီလာခံ ကျင်းပသည်။ သို့ပေမယ့် ဤမျက်လှည့်ပြကွက်ကို ပြည်သူနှင့် နိုင်ငံတကာက လက်မခံကြ။
စင်ပြိုင်အစိုးရက ပေါ်ပေါက်လာသည်။ နောက်ဆုံး အနိုင်ရပါတီကပါ ညီလာခံကို ကန့်ကွက်လိုက်သည့် အချိန်ကျတော့နအဖတို့ ထွက်ပေါက်မဲ့သွားသည်။ အမျိုးသားညီလာခံကို နှစ်ရှည်လများကြာအောင် အချိန်ဆွဲထားသည်။ တစညသည်ကောက်ကာငင်ကာ ဖွဲ့လိုက်ရသည့် နိုင်ငံရေး ထိုးစစ်အဖွဲ့တခု ဖြစ်သောကြောင့် ပိုမို အင်အားကြီးမားသည့် နိုင်ငံရေးထိုးစစ်အဖွဲ့ တခုဖွဲ့ရန် စစ်အုပ်စုတို့ ယူဆလိုက်ပုံရသည်။ ဤမှာပင် စစ်အုပ်စု အတွေးထဲသို့ local people ကို အသုံးပြုရန်လမ်းညွှန်ထားသည့် အတိုက်အခံ ချေမှုန်းရေး principle တခုက ၀င်ရောက်လာခဲ့သည်။ အဆိုပါ လမ်းစဉ်ဖြင့် ကြံ့ဖွတ်အဖွဲ့ကိုဖွဲ့စည်းကြတော့သည်။ တချိန်တည်းမှာပင် စစ်ရေးထိုးစစ်အဖြစ် နိုင်ငံရေး လှုပ်ရှားမှုများ၏ ဗဟိုချက်မဖြစ်နေသောမာနယ်ပလောကို မြှားဦးလှည့်တော့သည်။ သို့ပေမယ့် နအဖ မျက်လှည့်ပြကွက်များက သိပ်မထိရောက်လှ။ အတိုက်အခံများ၏လက်နက်ကိုင် လှုပ်ရှားမှု စစ်မျက်နှာတွင် အားလျော့သွားသော်လည်း နိုင်ငံတကာ စစ်မျက်နှာက ပိုမို အားကောင်းလာခဲ့သည်။နိုင်ငံတကာ၏ အရေးယူမှုများ အဆက်မပြတ် ပေါ်ပေါက်လာခဲ့သည်။ ၉၆ ကျောင်းသားလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။စီအာပီပီ ပေါ်ထွက်လာသည်။
သို့ဖြစ်ရာ စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ စစ်မျက်နှာကို ထပ်မံ ဖွင့်လှစ်ကြရတော့သည်။ မြန်မာ့အရေး လှုပ်ရှားသူများအားခွဲထုတ်ဖ့ေဲ ခြွသည့် နည်းလမ်းများ၊ နိုင်ငံရေး စစ်မျက်နှာ ကျွမ်းကျင်သူအချို့အား ငွေပေးဝယ်၍ ၀ါဒဖြန့်ချိရေး နည်းလမ်းများသုံးခြဲ့ကသည်။ ပြည်တွင်းမှ လူထုကိုလည်း နေ့စဉ် လုပ်ငန်းတာဝန်များဖြင့် အလုပ်ရှုပ်နေစေရန် အာရုံပြောင်းထားသည်။
ချဲထီများ၊ နှစ်လုံးထီများဖြင့် လောင်းကစားဘက်သို့ အာရုံရောက်နေစေရန် ယုတ်မာစွာ ကြံစည်ကြသည်။ ၁၉၉၆ မှ ၂၀၀၀အထိ နှစ်ရှည်လများ ကျောင်းရက်ရှည်ပိတ်၍ ကျောင်းသားမျိုးဆက်ကို ခါးဆက် ဖြတ်လိုက်သည်။ တက္ကသိုလ်များကိုဝေးလံသော နေရာများသို့ ပြောင်းရွှေ့သည်။ အဆိုပါ တက္ကသိုလ်သစ်များသို့ သွားရာလမ်းတလျှောက်တွင် တံတားကြီးများထားရှိခြင်းမှာ စစ်ဗျူဟာကျကျ ပြုလုပ်ထားကြခြင်းဖြစ်သည်။ လူထုနှင့် ကျောင်းသားကို ပညာပါပါဖြင့် ခွဲထုတ်ထားခြင်းဖြစ်သည်။ ထောက်လှမ်းရေး ကြိုးကိုင်ဂျာနယ်များ၊ ရုပ်မြင်သံကြား လိုင်းသစ်များဖြင့် လူထု၏ နိုင်ငံရေး အသိစိတ်ကိုချိုးနှိပ်ပစ်လိုက်ကြသည်။ ထိုသို့ ယုတ်မာသော နည်းလမ်းများဖြင့် မျက်လှည့်ပြထားသည်ကို အောင်မြင်ပြီဟု ယူဆသောအခါ၌လူထုခေါင်းဆောင်ကို လွှတ်ပေးလိုက်သည်။ ဤမှာတင် စစ်အုပ်စု မျက်လှည့်ဆရာတို့ ၄င်းတို့ ပြပွဲ မအောင်မြင်ကြောင်းသိလိုက်ရပြန်သည်။
တောရော၊ မြို့ပါမကျန် ပြည်သူလူထု၏ ရင်ထဲမှ သဘောထားဆန္ဒများမှာ ပျောက်ကွက်သွားခြင်း မရှိခဲ့။ ၂၀၀၂ - ၂၀၀၃ ခုနှစ်ကာလအတွင်း လူထုခေါင်းဆောင်၏ မြန်မာပြည်အနှံ့ ခရီးစဉ်များ ခြိမ့်ခြိမ့်သဲ အောင်မြင်ခဲ့လေသည်။ စစ်အုပ်စုထဲတွင်လည်းအပြောင်းအလဲ လုပ်လိုသူများ၏ လျှို့ဝှက်ကြံစည်ချက်များက ပေါ်ထွက်လာသည်။ လူထုခေါင်းဆောင် အင်အားစုနှင့် အဆိုပါအင်အားစုတို့ ပေါင်းစည်းသွားပါက အကျပ်အတည်း ဖြစ်တော့မည်ကို စစ်အုပ်စုတို့ သဘောပေါက်ကြသည်။ သို့ဖြစ်၍လူထုခေါင်းဆောင် အင်အားစု ချေမှုန်းရေး၊ အပြောင်းအလဲအတွက် လျှို့ဝှက်ကြံစည်နေသော စစ်အုပ်စုဂိုဏ်းသား ချေမှုန်းရေးစသည်များ ပေါ်ပေါက်လာတော့သည်။ လမ်းပြမြေပုံ အဆင့်ခုနစ်ဆင့်ကို ဒုန်းစိုင်း၍ အကောင်အထည် ဖော်ကြတော့သည်။
အမျိုးဖျက်ညီလာခံကို အပြီးသတ်ကြတော့သည်။ ဒီမိုအင်အားစုများ အတွေးအခေါ်ရှုပ်ထွေးစေရန် မြှားဦးလှည့်ကြတော့သည်။တတိယအုပ်စုဆိုသူများ ပေါ်ပေါက်လာသည်။ နအဖနှင့် အတိုက်အခံများ တိုက်ပွဲဖြစ်၍ လူထုမှ ကြားနေစေရန် လှုံ့ဆော်သည့်ကြားနေအုပ်စုများ ပေါ်ထွက်လာသည်။ ပြည်သူနှင့် အာဏာရှင် အစိုးရကြားမှ တိုက်ပွဲသဏ္ဍာန်ကို အသွင်ပြောင်းရန်နည်းမျိုးစုံဖြင့် ကြိုးစားကြတော့သည်။
သို့ပေမယ့် လူထု၏ တော်လှန်ရေးအရှိန်ကား ပြုတ်ကျမသွားခဲ့။ မျက်လှည့်ဆရာတို့ ရှုံးကြပြန်လေပြီ။ ၂၀၀၇ ခုနှစ်၊ရွှေဝါရောင်တော်လှန်ရေးကြီးတွင် လူထုနှင့် အာဏာရှင်တို့ ရန်စည်း၊ ငါစည်း ပြတ်သွားသည်။ ပါးစပ်မှ ဖွင့်မပြောသေးလျှင်သာရှိမည်။ စစ်အုပ်စုဆိုသည်ကို အလွန်ပင် ခါးသီးရွံရှာနေသော စိတ်များက မြန်မာအားလုံး၏ ရင်ထဲတွင် ရှိနေကြပြီ။
ရေရှည်ဆိုလျှင် လူထုတိုက်ပွဲကြီး အရှိန်အဟုန်နှင့် ပေါ်ပေါက်လာတော့မည်ကို စစ်အုပ်စုတို့ စိုးရိမ်လာကြသည်။ သို့ဖြစ်ရာလက်နက်ကိုင် အင်အားစုများကို အပြီးသတ် ထိုးစစ်ဆင်ရေး စီမံချက်အား အကောင်အထည် မဖော်ကြတော့ပဲ၊ Referendumကိစ္စနှင့် ရွေးကောက်ပွဲကိစ္စကို ဇောင်းပေးလိုက်ကြသည်။ လူထုအရှိန်ကို ခေတ္တ လျော့ကျသွားစေရန် အာရုံပြောင်းလိုက်ကြခြင်း ဖြစ်သည်။ နိုင်ငံတကာကို မျက်လှည့်ပြရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။ သို့ပေမယ့် အဖြေရလာဒ်သည်တရားမျှတသော ရလာဒ်တခု မဟုတ်ကြောင်း အားလုံးက သဘောပေါက်နေခဲ့ကြသည်။ နာဂစ်မုန်တိုင်းတွင် စစ်အုပ်စုတို့၏အသုံးမကျသော တိုင်းပြည်အုပ်ချုပ်မှု စွမ်းရည်ကိုလည်း မြင်နေကြပြီး ဖြစ်သည်မို့ စစ်အုပ်စု သိက္ခာက အလွန်အမင်းကျဆင်းနေခဲ့ပြီ။
ယခု ၂၀၁၀ ရွေးကောက်ပွဲသည်ကား စစ်အုပ်စုတို့၏ မဲပြာပုဆိုး မျက်လှည့်ပြကွက်များထဲမှ တခုသာ ဖြစ်လေသည်။ သို့ပေမယ့်ယခု မျက်လှည့်ပြကွက်ကိုတော့ အားလုံး သတိပြုကြရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်အုပ်စုသည် ယင်းတို့အင်မတန်ကြောက်သော ၉၀ ရွေးကောက်ပွဲရလာဒ်ကို ချေဖျက်နိုင်ရန် ရည်ရွယ်ထားသည့် ပွဲဖြစ်နေသောကြောင့် ဖြစ်သည်။
နိုင်ငံတကာ စစ်မျက်နှာထိုးစစ်၊ ၀ါဒဖြန့်ချိရေး ထိုးစစ်များကိုလည်း အရှိန်အဟုန်ဖြင့် ပြုလုပ်နေကြသည်။ ဒီမိုအင်အားစုများအားဖဲ့ခြွေရေး၊ အတိုက်အခံနှင့် လူထုအား ခွဲထုတ်ရေး လမ်းစဉ်များကိုလည်း ဆောင်ရွက်နေကြသည်။
ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဆိုသည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူထုလူတန်းစား ကွဲပြားမှုများတွင် အလယ်အလတ်လူတန်းစား တိုးတက်များပြားလာမှု၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သည့် နိုင်ငံတော် ဖြစ်တည်မှု နှင့် politicalin stitutions များရှိမှု၊ Civil Society အားကောင်းမှု၊ နိုင်ငံရေး ယဉ်ကျေးမှုနှင့် အတွေးအခေါ်၊ International engagementsစသည့် Explanatory factors ခြောက်ရပ်အပေါ်တွင် မူတည်ပါသည်။
ထိုအချက်များနှင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ခြေအနေနှင့် နအဖ ဖွဲ့စည်းပုံကို ချိန်ထိုးကြည့်ပါက ရွေးကောက်ပွဲပြီး၍အရပ်သားအစိုးရ တက်လာမည် မှန်သော်လည်း ထိုအရပ်သားအစိုးရကို ကြိုးကိုင်မည့်သူများမှာ စစ်အုပ်စုသာဖြစ်ခြင်း၊အမတ်ဝင်ရွေးရန် နအဖတို့ စီမံ ရွေးချယ်နေသူများမှာ စစ်အုပ်စုကြိုးဆွဲ စီးပွားရေးသမားများနှင့် ကြံ့ဖွတ်၊ စွမ်းအားရှင်များဖြစ်ခြင်း၊ ရွေးကောက်ပွဲကို အခြေခံ ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒီမိုကရေစီနည်းလမ်းမကျသော အချက်များစွာပါဝင်နေခြင်း၊ စီးပွားရေးလုပ်ငန်းများအား လက်ရှိ စစ်အုပ်စုဝင်များ၏ ဆွေတော်မျိုးတော်များနှင့် ဆက်စပ်သူများမှသာဦးဆောင်လုပ်ခြင်း၊ Civil Society ထွက်ပေါ်မှုကို ထိန်းချုပ်မှုများစွာရှိခြင်း၊ အလယ်အလတ် လူတန်းစား မထွက်ပေါ်ပဲ နအဖနှင့်ဆက်စပ်သူများသာ ချမ်းသာသထက် ချမ်းသာလာ၍ ပြည်သူလူထုမှာ ဆင်းရဲသထက် ဆင်းရဲနေခြင်း၊ Intra- state conflictsများကို ဖြေရှင်းနိုင်မည့် နိုင်ငံတော် ဖွဲ့စည်းပုံမရှိခြင်း၊ နိုင်ငံရေး ယဉ်ကျေးမှုနှင့် အတွေးခေါ်များ မပြန့်ပွားစေရန် နည်းမျိုးစုံဖြင့်ထိန်းချုပ်ထားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ မည်သို့မျှ အောင်မြင်နိုင်မည် မဟုတ်ပါ။
မြန်မာ့ရေးရာ ပြဿနာများကို မျက်လှည့် ရွေးကောက်ပွဲများနှင့် မဖြေရှင်းနိုင်ပါ။ ဖြေရှင်းနိုင်မည့် နည်းလမ်းများမှာ ဒီမိုကရေစီနည်းလမ်းကျသော ဖွဲ့စည်းပုံ၊ ဒီမိုကရေစီ နည်းလမ်းကျသော ရွေးကောက်ပွဲ၊ တိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှအခွင့်အရေးကို အာမခံပေးနိုင်သော ဖဒရယ်ပြည်ထောင်စုစနစ်၊ မှန်ကန်တိကျသော စီးပွားရေး ပေါ်လစီ၊ ဖြောင့်မတ်သောနိုင်ငံခြားရေး ပေါ်လစီ၊ အောင်မြင်သော နိုင်ငံတကာ ကုန်သွယ်ရေး၊ နိုင်ငံတော် ကာကွယ်ရေး ပြုလုပ်သော လူမှန်နေရာမှန်တပ်မတော်၊ တိုးတက်သော နိုင်ငံရေး ယဉ်ကျေးမှုနှင့် အတွေးအခေါ်ရှိသည့် လူ့အဖွဲ့အစည်း၊ လူတိုင်းအတွက် ပညာရေး၊ကျန်းမာရေးစနစ် စသည်များသာ ဖြစ်ပါသည်။ ဤနည်းလမ်းများကို အကောင်အထည်ဖော်ရန်မှာလည်း မြန်မာ့မြေပေါ်တွင်စစ်အာဏာရှင်စနစ်ရော၊ စစ်အာဏာရှင် ရုပ်သေးကြိုးဆွဲစနစ်ရော ပျောက်ကွယ်သွားမှသာ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်ဖြစ်လာနိုင်ပါသည်။သို့ဖြစ်ရာ မြန်မာ့ပြဿနာ၏ အရင်းခံမှာ မျက်လှည့်ဆရာ စစ်အုပ်စုတို့သာ ဖြစ်ပါသည်။ စစ်အုပ်စုရှိနေသရွေ့ အေးချမ်းသာယာသော ခေတ်မှီ ဖံွ့ ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆိုသည်မှာ မည်သို့မျှ ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။
သို့ဖြစ်၍ ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုများ အပါအ၀င် ပြည်သူလူထုတရပ်လုံးမှ မျက်လှည့်ဆရာ စစ်အုပ်စုအားဝိုင်းဝန်းတိုက်ဖျက်၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့်၊ စစ်မှန်သော ဒီမိုကရေစီစနစ် ရှင်သန်ပေါ်ထွန်းသည့်၊ အမျိုးသားတန်းတူညီမျှရေး၊ သွေးစည်းရေးနှင့် ငြိမ်းချမ်းရေး ရှိသည့် မြန်မာနိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။
ခင်မမမျိုး (Free Burma Federation တာဝန်ခံ အယ်ဒီတာ)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment