ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်ပြည့်မွေးနေ့ ဂုဏ်ပြုတစ်ခန်းရပ်ပြဇာတ်
MYIT TAR TI TAR from yechit on Vimeo.
Posted by burmaactionkorea at 10:30 AM 0 comments
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၅နှစ်
ပြည့်မွေးနေ့ ပွဲကို ယနေ့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့  နိုင်ငံ
ခြားသားအလုပ်သမား ရိပ်သာ၌ ကျင်းပခဲ့ပါသည်။
အဆိုပါမွေးနေ့ ပွဲကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပွဲ ဖြစ်မြောက်ရေး
ကော်မတီမှ ကြီးမှူးကျင်းပခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်
စားသော ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာနိုင်ငံသားများ၊ မြန်မာ့
ဒီမိုကရေစီ အင်အားစုများ၊ ကိုရီးယားအင်န်ဂျီအိုများနှင့် ကိုရီးယား
လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြပါသည်။
Posted by burmaactionkorea at 8:24 AM 0 comments
Labels: ကိုရီးယားသတင်း
Posted by burmaactionkorea at 5:46 PM 0 comments
Labels: ဗွီဒီယိုမှတ်တမ်း
မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်
ထူးသည် ယနေ့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ရှိ အမျိုးသားဒီမိုက
ရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲတွင် တောင်ကို
ရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား "မြန်မာပြည်တွင်းက လွတ်
ငြိမ်းချမ်းသာခွင့် ရရှိနေသော အခြေအနေများ ချုပ်ငြိမ်းစေခြင်းနှင့် တိုင်း
ရင်းသား ပြဿနာများကို ဥပဒေရှုထောင့်က သုံးသပ်ခြင်း "ဟူသောခေါင်း
စဉ်ဖြင့် မြန်မာပြည် ဥပဒေစိုးမိုးရေး ဆိုင်ရာဆွေးနွေးပွဲ တစ်ခုကိုပြုလုပ်ခဲ့
ပါသည်။
အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်
နယ်မြေ ကိုရီးယားဌာနခွဲက စီစဉ်ကျင်းပခဲ့ပြီး ဘားမားအက်ရှင်ကိုရီးယား
အပါအ၀င် တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာနိုင်ငံသားများ
တက်ရောက်ခဲ့ကြသည်။
လာမည့်ဇွန်လ (၁၇)ရက်နေ့ တွင် ဘီအယ်လ်စီ အထွေထွေအတွင်း
ရေးမှူး ဦးအောင်ထူးသည် ကိုရီးယားလွှတ်တော် အမတ်များ၊ လူ့ အခွင့်
အရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရေးရာကိစ္စရပ်တွေ
ကို ဆွေးနွေးဖို့ ရှိကြောင်းလည်း သိရှိရပါသည်။
ဆွေးနွေးပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်
မြေကိုရီးယားဌာနခွဲမှ ဆွေးနွေးပွဲ တက်ရောက်လာသူများအား မြန်မာ
မုန့် ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။
Posted by burmaactionkorea at 11:38 AM 0 comments
Labels: ကိုရီးယားသတင်း
နအဖစစ်ခေါင်းဆောင်တို့ ကျင်းပမည့်၂၀၁၀ရွေးကောက်ပွဲအားဆန့့်ကျင်
သည့်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတစ်ရပ်အနေဖြင့်ယနေ့ တောင်ကိုရီးယား
နိုင်ငံဆိုးလ်မြို့ ဟဲဟွာဘူတာအနီးတွင်လက်မှတ်ထိုးကန်ပိန်းပြုလုပ်ခဲ့
ကြောင်းသိရှိရသည်။အဆိုပါလက်မှတ်ထိုးကန်ပိန်းအားNLDအယ်လ်
အေကိုရီးယား(လွတ်မြောက်နယ်မြေ)၊ဘားမားအက်ရှင်ကိုရီးယားနှင့်
မြန်မာ့ဒီမိုကရေစီအရေးကိုစိတ်ဝင်စားသောမျိုးချစ်မြန်မာများကစုပေါင်း
၍ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။၂၀၁၀ရွေးကောက်ပွဲအားဆန့် ကျင်သည့်အဆိုပါလက်မှတ်ထိုးကန်ပိန်းအား(၆)လပိုင်း(၂၀)ရက်နေ့ တွင်ကျင်းပမည့်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပွဲအထိ
ပြုလုပ်သွားမှားဖြစ်ပြီးရရှိသောလက်မှတ်များအားကိုရီးယားသမ္မတ
ထံသို့ တိုက်ရိုက်ပေးပို့ သွားမှာဖြစ်ကြောင်းသိရှိရသည်။
Posted by burmaactionkorea at 11:09 PM 0 comments
Labels: ကိုရီးယားသတင်း
© Blogger template 'Neuronic' by Ourblogtemplates.com 2008
Back to TOP