ဒီပဲယင်းခုနစ်နှစ်ပြည့်အထိမ်းအမှတ်ဆန္ဒပြပွဲ

ဒီပဲယင်းလူသတ်ပွဲခုနစ်နှစ်ပြည့်ပြီ
၂၀၀၃ခုနှစ်မေလသုံးဆယ်ရက်နေ့ မှာဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ချုပ်ခေါင်းဆောင်တွေဦးဆောင်လာတဲ့မော်တော်ကားတန်းကိုဒီပဲယင်းမြို့ မှာလက်နှက်အပြည့်အစုံကိုင်ဆောင်ထားတဲ့နအဖလက်ပါးစေတို့ ကအချက်ကျကျလုပ်ကြံတိုက်ခိုက်ခဲ့ကြပါတယ်။အဖွဲ့ ချုပ်ဝင်များအပါအ၀င်ပြည်သူတို့ တစ်ရာနီးပါးခန့် သေဆုံးခဲ့ကြပေမယ့်နအဖစစ်အာဏာရှင်တို့ ကအမှုမှန်ကိုယနေ့ အချိန်ထိမဖေါ်ထုတ်ပဲဖုံးကွယ်ထားခဲ့ကြပါတယ်။ဒီနေ့ ဆိုရင်ဒီပဲယင်းလူသတ်ပွဲဟာခုနစ်နှစ်ပြည့်ခဲ့ပါပြီ။အခုလိုစစ်အာဏာရှင်တို့ ၏မတရားသတ်ဖြတ်မှုနှင့်လူ့ အခွင့်အရေးချိုးဖေါက်မှုများကိုကန့် ကွက်ဆန္ဒပြတဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ ရှိနအဖစစ်သံရုံးရှေ့ တွင်NLDအယ်လ်အေကိုရီးယား(လွတ်မြောက်နယ်မြေ)မှဦးဆောင်၍ဘားမားအက်ရှင်ကိုရီးယား၊ကေ၀ိုင်အိုကိုရီးယားနှင့်မြန်မာ့ဒီမိုကရေစီအရေးကိုစိတ်ဝင်စားသောတောင်ကိုရီးယားနိုင်ငံရောက်မျိုးချစ်မြန်မာများကစုပေါင်း၍ကန့် ကွက်ဆန္ဒပြခဲ့ကြပါသည်။




0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP