(၂၀၁၀) ရွေးကောက်ပွဲဆိုင်ရာသတင်းများ

NLD ဆုံးဖြတ်ချက်အပေါ်တုန့် ပြန်သံတွေ

ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံမတင်ဖို့  NLDက ဆုံးဖြတ်လိုက်အပြီးမှာ ပါတီအလိုက် ဆက်ရပ်တည်ခွင့်မရတော့
ရင်လည်း နည်းပေါင်းစုံနဲ့  ဆက်လက်လှုပ်ရှားသွားမယ်လို့ လွှတ်တော်အမတ်တဦးဖြစ်သူ မိတ္ထီလာမြို့ နယ် NLD
ဥက္ကဌဒေါက်တာသိန်းလွင်ကပြောပါတယ်။

NLD ပါတီတွေထဲမှာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့ တွေအနေနဲ့  ဆက်လှုပ်ရှားသွားမယ့် သူတွေရှိနေသလို NLD ပိုင်ဆိုင်ထားတဲ့  မဲဆန္ဒနယ်မြေတွေ မဆုံးရှုံးအောင် တသီးပုဂ္ဂလ
အနေနဲ့ ဝင်အရွေးခံမယ့် အနေအထားမျိုးလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ပါတီမှတ်ပုံမတင်ဖို့ NLD ဆုံးဖြတ်ခဲ့ 
တာမှန်ကန်တယ်လို့  CRPP ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီအတွင်းရေးမှူး ဦးအေးသာအောင်က
ပြောပါတယ်။ တိုင်းပြည်မှာအပြောင်းအလဲတစ်ခုဖြစ်အောင် NLD အပါအ၀င်နိုင်ငံရေးအင်အားစုတွေက ဆက်
လက်ကြိုးပမ်းသွားနိုင်မယ်လို့  ယူဆထားပြီးCRPP အနေနဲ့ NLD နဲ့ SNLDအဖွဲ့ တွေရဲ့  သဘောထားအတိုင်း
ဆက်လုပ်သွားနိုင်ဖို့ လာမယ်သီတင်းပတ်မှာ အစည်းအဝေးခေါ်ဆွေးနွေးသုံးသပ်မယ်လို့ ဦးအေးသာအောင်က
ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ်PJ Crowley ကမြန်မာစစ်အစိုးရထုတ်ပြန်တဲ့ 
ရွေးကောက်ပွဲ ဥပဒေတွေဟာ အားလုံးပါဝင်တဲ့  လေးနက်တဲ့  ဆွေနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့  လိုအပ်တဲ့ ခြေ
လှမ်းတွေကို မြန်မာအစိုးရက မယူလိုဘူးဆိုတာကို ထင်ဟပ်ပြနေတဲ့ အတွက်NLD ရဲ့ ဆုံးဖြတ်ချက်ကို သူတို့ နား
လည်တယ်လို့ ပြောပါတယ်။ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးStephen က NLD မပါတဲ့ ရွေးကောက်ပွဲတွေ
ဟာလွတ်လပ်မျှတတယ်လို့  မယူဆနိုင်ကြောင်း ဒီအတိုင်းဆိုမြန်မာနိုင်ငံမှာ အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတွေ
ဖြစ်လာမယ်ဆိုတာ သံသယရှိစရာ ဖြစ်နေကြောင်းပြောပါတယ်။ ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်Gordon Brown က
လည်းမြန်မာအစိုးရကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှာမ
ဟုတ်ကြောင်းနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဘီဘီစီမှကူးယူဖေါ်ပြသည်

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP