၂၀၁၀ ရွေးကောက်ပွဲနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တတိယပိုင်း - နိဂုံး)

အာရ်အက်ဖ်အေ တနင်္ဂနွေဆွေးနွေးပွဲ (၂၃-၃-၀၉)

အာရ်အက်ဖ်အေ ။ ။ အခု ဒေါ်မြင့်မြင့်အေး ပြောတာနဲ့ ပတ်သက်လို့ ဒေါ်နော်အုန်းလှကော ဘာပြောချင်လဲ။ တခုဖြတ်မေးပါရစေ ဒေါ်နော်အုန်းလှရေ … မှော်ဘီမြို့နယ်ဆိုတာ တကယ်တော့ တပ်မတော်အခြေစိုက်တဲ့ မြို့နယ်ပဲ။ ဒါပေမယ့် ထူးခြားအံ့သြစရာပဲ ၁၉၉၀ ရွေးကောက်ပွဲမှာတော့ အန်အယ်လ်ဒီကို တခဲနက် အဲဒီ တပ်မ တော်မိသားစုတွေက မဲပေးခဲ့ကြတယ်ပေါ့လေ။ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကော မှော်ဘီမြို့ နယ်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ။ ဒေါ်နော်အုန်းလှ အစောက ဒေါ်မြင့်မြင့်အေး ပြောတာတွေကိုရော ဘယ်လိုမြင်လဲခင်ဗျ။

ဒေါ်နော်အုန်းလှ ။ ။ သူပြောတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ကျမတို့က အခုဆိုလို့ရှိရင် ဒါ မှော်ဘီကို အရင်ပြောရမယ်ဆိုရင် ကျမတို့ မှော်ဘီကတော့ တပ်မြို့ဖြစ်ပေမယ့်လည်း ၉၀ မှာ အနိုင်ရခဲ့တယ်။ အခုတ ကြိမ်မှာကတော့ အနိုင်ရဖို့ကတော့ ကျမက သိပ်မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက အကုန်လုံး အ ကွက်စေ့အောင်လုပ်မယ်။ နောက် အခုဆို သတင်းပေါ့နော် မှန်မမှန်တော့ မပြောတတ်ဘူး။ ကြားတာပေါ့။ အခု ဆိုလို့ရှိရင်တဲ့ မှော်ဘီမှာ ကြံ့ခိုင်ရေးတွေက ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်ပေါ့နော်။ ပြင်ဆင်တဲ့နေရာ မှာ သူက အခုဆိုလို့ရှိရင် ခေါင်းဆောင်ပိုင်းကို အရင်ဆုံး တပ်အနေနဲ့ လဲလိုက်တယ်ပေါ့နော်။ ဒါ သတင်းတွေ ကျမကြားတာ။ ဟုတ်မဟုတ်ဆိုတာ အတိအကျတော့ ကျမလည်း မပြောတတ်ဘူး။ တိကျသလောက်တော့ ရှိ တယ်ပေါ့နော်။ အဲသလိုမျိုး လဲထားတယ်ဆိုပြီး သူတို့က ဒီမှာ ဥပမာပေါ့နော် ဒီတပ်မှာ သူတို့က ၂၅ % ယူထား ပြီးသားအပြင်ကို ဒီလိုမျိုး ဒီမှာလည်း ယူထားဦးမယ်။ ဒီလိုမျိုးနေရာတွေမှာ ရွေးကောက်ပွဲမှာ သူတို့လူတွေ သူ တို့ထည့်မယ်။ အဲဒီမှာ သူတို့ထပ်ယူဦးမယ်။ ဒါကတော့ သူတို့လုပ်ရမယ့်အလုပ် သူတို့လုပ်တာပဲပေါ့နော်။

“ကျမက ပဲခူးရယ်လို့ ကျမပြောနေတာမဟုတ်ဘူးနော်။ ကျမ တနိုင်ငံလုံးအတွက်ကို ဒေါ်မြင့်မြင့်အေးတို့ လုပ်သလိုမျိုး လုပ်နိုင်အောင် ကြိုးစားဖို့ ကျမပြောနေတာပါ။ ဒီလိုမှ ကိုယ့်ပါတီရဲ့ အခွင့်အရေးကို ကိုယ့်ပါတီ အစည်းအဝေးကိုတောင်မှ ကိုယ်မလုပ်နိုင်ဘူးဆို ကျမတို့ ဘာသွားလုပ်မလဲ ဒါပဲ ကျမမေးရမှာဖြစ်ပါတယ်။ ကျမတို့က ကျမတို့အခွင့်အရေးကို ကျမတို့ လုပ်ယူရမှာပဲ။ ကျမတို့ ကြောက်တယ်ဆို ပါတီဝင်တွေကတောင် ကြောက်နေတယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့က သူတို့လိုအပ်ချက်တွေကို သူတို့ဖွင့်ပြောနိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က အရင်ဆုံး ကျမတို့ရဲ့ အခွင့်အရေးကို ကျမတို့ တိုက်ယူပြရဲရပါမယ်။” (ဒေါ်ခင်ညွန့်မူ)

ကျမတို့ ဒီအန်အယ်လ်ဒီအပိုင်း ပြောရမယ်ဆိုလို့ရှိရင်တော့ အန်အယ်လ်ဒီက ရွေးကောက်ပွဲကို ၀င်ခဲ့တယ်။ အ ခုအချိန်အထိ အကောင်အထည် မဖော်နိုင်သေးဘူး။ ဒါပေမယ့် အခုအချိန်အထိ လက်ဆုပ်လက်ကိုင် ရှိသေး တယ်။ ဒါကို လုပ်ရမယ့် တာဝန်ရှိတဲ့အတွက် ခုနက ပထမ ကျမပြောခဲ့သလိုပေါ့နော် လုပ်ရမယ့် တာဝန်ကို မ လုပ်ဘူး။ အခုလုပ်လို့ရတဲ့အချိန်မှာ လုပ်လို့ရသလောက် ကျမတို့ပါတီမှာ အများကြီး လုပ်စရာမလိုပါဘူး။ ဒေါ် အောင်ဆန်းစုကြည်ပြောခဲ့သလို လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့ပြီးနောက်ပိုင်း လွှတ်တော်ကို သစ်ပင် အောက်မှာလည်း ဖွဲ့လို့ရတယ်။ ဒါ အမြဲတမ်း ပြောခဲ့တယ်။ လွှတ်တော်ခေါ်ပေးပါ တချိန်လုံးပြောနေတယ်။ အ စိုးရက မခေါ်ပေးဘူး။ ကိုယ့်ဘာသာကိုယ် ခေါ်မယ်လည်းပြောခဲ့တယ်။ အဖွဲ့ချုပ်က မခေါ်ခဲ့ဘူး။ နောက်တခါ ဒီ လွှတ်တော်ကိုယ်စားပြုကော်မတီ ပေါ်လာပြီးတော့လည်း လွှတ်တော်ခေါ်မယ်လို့ ပြောခဲ့တယ်။ မခေါ်ခဲ့ဘူး။ ဒါ ပေမယ့် အခုအချိန်အထိ ရလဒ်က ရှိသေးတဲ့အတွက် အခုအချိန်မှာ လုပ်လို့ရသေးတယ်။ အခုအချိန်မှာလုပ်လို့ အစိုးရက ဖျက်လို့ရှိရင် ဒါက သူဖျက်တာပေါ့နော်။ ၂၀၁၀ မှာ ဖျက်လို့ရှိရင်တော့ ကိုယ်ဖျက်တာ ဖြစ်သွားလိမ့် မယ်။ အဲဒီအခါကျမှ ကျမတို့တွေက ဘာမှမလုပ်နိုင်တဲ့ အခြေအနေ ပိုဆိုးသွားမယ်ပေါ့နော်။ အဲလိုမျိုး ဖြစ်နိုင် တယ်။ အန်အယ်လ်ဒီအနေအထား ကျမသုံးသပ်တာပေါ့နော်။

ကျမတို့ကတော့ ဖြစ်စေချင်တာတော့ အခုအချိန်မှာ လုပ်သင့်တဲ့အလုပ်ကို အခုအချိန်မှာ လုပ်လို့ရသလောက် လုပ်စေချင်တယ်။ မန်းဒိတ်တွေ ပေးထားပြီးသား လွှတ်တော်ကိုယ်စားလှယ်အားလုံး၊ ဦးအောင်ရွှေ၊ ဒေါ်အောင် ဆန်းစုကြည်ပေးထားပြီးသား၊ ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံရရင် ဦးအောင်ရွှေ တယောက်လုံးရှိသေးတယ်။ ဒီလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့ပြီး အခုဆိုလို့ရှိရင် ဒီလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ လုပ်ဆောင်ချက် ရယ်၊ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လက်မှတ်တွေ ရှိပြီးသား။ လုပ်လို့ရသေးတယ်။ ဒါ ရိုးရိုးသားသား ကျမတို့ပြောတာ။ အစိုးရကမခေါ်လဲ ကျမတို့က ခေါ်လို့ရတယ်။ ကျမတို့ကိုယ်တိုင် လွှတ်တော်နဲ့ ပတ်သက်လို့ အဖမ်းခံခဲ့ရတာတွေရှိတယ်။ ကျမတို့ကိုယ်တိုင် ဒါတွေကိုလည်း ပြောခဲ့တယ်။ အဲလိုမျိုးမို့လို့ ဒီအ ချိန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီလည်းရှိတယ်။ လက်ရှိ မန်းဒိတ်လည်းအကုန်ယူထားပြီးသား။ မြို့နယ် တွေရော၊ အမျိုးသမီးတွေရော၊ ဒီအကုန်လုံး လူငယ်တွေရော လက်မှတ်တွေကို အဖွဲ့ချုပ်အနေနဲ့ ယူထားပြီး သား၊ အဲဒီအခါမှာ ဒီလိုအချိန်မှာ သူဖျက်တာမဟုတ်ဘဲ ကိုယ်ဖျက်တာ မဖြစ်ပါစေနဲ့လို့ ကျမက ဒါ အဖွဲ့ချုပ်ကို တော့ ပြောပြချင်တယ်ပေါ့နော်။ တကယ်တမ်းကျရင်တော့လေ။

အာရ်အက်ဖ်အေ ။ ။ ဟုတ်ကဲ့ … ဒေါ်ခင်ညွှန့်မူလည်း ပြောပါဦးခင်ဗျ။ ဘယ်လိုမြင်လဲခင်ဗျ။ အခုလာမယ့် ရွေး ကောက်ပွဲအနေအထားနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်လိုလဲ။

ဒေါ်ခင်ညွန့်မူ ။ ။ ဟုတ်ကဲ့။ ၂၀၁၀ ရွေးကောက်ပွဲအတွက်ဆိုရင်တော့ ကျမတို့က ဗဟိုက ရပ်တည်ချက်အ တိုင်းပဲ ကျမတို့ သဘောတူ ရပ်တည်သွားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ဦး ဂမ္ဘီရ၊ မင်းကိုနိုင်တို့လို ခေါင်းဆောင်များနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လိုပါတယ်။ သူတို့တွေ ကို လွှတ်ပြီးတဲ့အခါမှာ ကျမတို့ ခေါင်းဆောင်များအချင်းချင်း Constitution ပြန်လည်း Review လုပ်ပြီးတော့ ကျမတို့ခေါင်းဆောင်များနဲ့ ညှိနှိုင်းဆွေးနွေးရေးမှ ထွက်ပေါ်လာတဲ့ရလဒ်ပေါ်မှာ မူတည်ပြီးမှ ကျမတို့က ၂၀၁၀ ကိစ္စကို စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့က ၂၀၁၀ ကိစ္စအနေနဲ့ ခုနေအခါမှာ ဘာမှမပြောလိုဘူး။ ဒါပေမယ့်လို့ ကျမတို့ ဗဟိုရဲ့သဘောထား ရပ်တည်ချက်အတိုင်း ရပ်တည်နေပါတယ်။ ကျမတို့ကို ဗဟိုက ဘာ တွေလုပ်ရမယ်ဆိုတာသာ ညွှန်ကြားချက်ပေးပါ။ ဒါပဲ ကျမတို့က ပြောချင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့ပြီးနောက်ပိုင်း လွှတ်တော်ကို သစ်ပင်အောက်မှာလည်း ဖွဲ့လို့ရတယ်။ ဒါ အမြဲတမ်း ပြောခဲ့တယ်။ လွှတ်တော်ခေါ်ပေးပါ တချိန်လုံးပြောနေတယ်။ အစိုးရက မခေါ်ပေးဘူး။ ကိုယ့်ဘာသာကိုယ် ခေါ်မယ်လည်းပြောခဲ့တယ်။ အဖွဲ့ချုပ်က မခေါ်ခဲ့ဘူး။ နောက်တခါ ဒီ လွှတ်တော်ကိုယ်စားပြုကော်မတီ ပေါ်လာပြီးတော့လည်း လွှတ်တော်ခေါ်မယ်လို့ ပြောခဲ့တယ်။ မခေါ်ခဲ့ဘူး။ ဒါပေမယ့် အခုအချိန်အထိ ရလဒ်က ရှိသေးတဲ့အတွက် အခုအချိန်မှာ လုပ်လို့ရသေးတယ်။ အခုအချိန်မှာလုပ်လို့ အစိုးရက ဖျက်လို့ရှိရင် ဒါက သူဖျက်တာပေါ့နော်။ ၂၀၁၀ မှာ ဖျက်လို့ရှိရင်တော့ ကိုယ်ဖျက်တာ ဖြစ်သွားလိမ့်မယ်။ အဲဒီအခါကျမှ ကျမတို့တွေက ဘာမှမလုပ်နိုင်တဲ့ အခြေအနေထိ ပိုဆိုးသွားမယ်ပေါ့နော်။ အဲလိုမျိုးဖြစ်နိုင်တယ်။ အန်အယ်လ်ဒီအနေအထား ကျမသုံးသပ်တာပေါ့နော်။” (ဒေါ်နော်အုန်းလှ)

အာရ်အက်ဖ်အေ ။ ။ ဒေါ်ခင်ညွန့်မူ စောစောက ပြောတဲ့အထဲမှာ ဒေါ်ခင်ညွန့်မူတို့ ပဲခူးမြို့နယ် စည်းရုံးရေး ကော်မတီတွေနဲ့ အောက်ခြေအဖွဲ့ဝင်တွေနဲ့ ထိတွေ့မှု ပြောဆိုဆက်ဆံမှု နည်းတယ်ဆိုတဲ့ သဘောမျိုးပြော တယ်။ အဲဒါက ဘာကိုဆိုလိုတာလဲခင်ဗျ။

ဒေါ်ခင်ညွန့်မူ ။ ။ အစည်းအဝေးတွေ မလုပ်နိုင်တာပဲပေါ့နော်။ ဘာ့ကြောင့်မလုပ်နိုင်တာလဲ ဆိုတာကတော့ …

အာရ်အက်ဖ်အေ ဖြတ်ပြော ။ ။ ခဏလေး ဒေါ်ခင်ညွန့်မူ ကျနော့်အသံနဲ့ ထပ်သွားတယ်။ အဓိက ဒေါ်ခင် ညွန့်မူ အဲဒါက ဘာဆိုလိုတာလဲခင်ဗျ။ ပုံမှန်အစည်းအဝေးတွေ မကျင်းပနိုင်တာကို ဆိုလိုတာလား။ ကျနော်တို့ သိသလောက် အန်အယ်လ်ဒီလှုပ်ရှားမှုတွေက အများကြီး ကန့်သတ်ခံနေရရတယ်ဆိုတော့ တကယ်လို့ မြို့ နယ်စည်းအဖွဲ့ဝင်တွေက လှုပ်ရှားနိုင်တဲ့ အနေအထားကော ရှိလားခင်ဗျ။ ပဲခူးမှာ။

ဒေါ်ခင်ညွန့်မူ ။ ။ ကျမက ပဲခူးရယ်လို့ ကျမပြောနေတာမဟုတ်ဘူးနော်။ ကျမ တနိုင်ငံလုံးအတွက်ကို ဒေါ်မြင့် မြင့်အေးတို့ လုပ်သလိုမျိုး လုပ်နိုင်အောင် ကြိုးစားဖို့ ကျမပြောနေတာပါ။ ဒါမှ ကိုယ့်ပါတီရဲ့ အခွင့်အရေးကို ကိုယ့်ပါတီအစည်းအဝေးကိုတောင်မှ ကိုယ်မလုပ်နိုင်ဘူးဆို ကျမတို့ ဘာသွားလုပ်မလဲ ဒါပဲ ကျမမေးရမှာဖြစ်ပါ တယ်။ ကျမတို့က ကျမတို့အခွင့်အရေးကို ကျမတို့ လုပ်ယူရမှာပဲ။ ကျမတို့ ကြောက်တယ်ဆို ပါတီဝင်တွေက တောင် ကြောက်နေတယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့က သူတို့လိုအပ်ချက်တွေကို သူတို့ဖွင့်ပြောနိုင်ဖို့ဆို တာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က အရင်ဆုံး ကျမတို့ရဲ့ အခွင့်အရေးကို ကျမတို့ တိုက် ယူပြရဲရပါမယ်။ အခုဆိုရင် ပြည်သူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီးတော့ အချို့နေရာတွေမှာဆိုလို့ရှိရင် သူတို့ကိုယ် တိုင် တောင်းဆိုလာတာတွေ .. ဟိုနေ့ကပဲ ၂၀ ရက်နေ့က တွံတေးမြို့မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဆိုလို့ရှိရင် ဒါ ပြည်သူတွေဟာ သူတို့အခွင့်အရေးကို သူတို့တောင်းဆိုလာတာဖြစ်တယ်။ အဲလိုတောင်းဆိုတဲ့အခါမှာလည်း ဒီ တွံတေးအန်အယ်လ်ဒီတွေက ၀ိုင်းရံပေးတယ်ဆိုတာကို ကျမတို့က ကြိုဆိုပါတယ်။ ဒါ ဒီလိုပဲဖြစ်ရမယ်။ ပါတီ ၀င်တွေဟာ ပြည်သူတွေက လိုအပ်မယ်ဆိုရင် ရှေ့က နေသင့်ရင်လည်း နေရပါမယ်။ ဘေးက ၀ိုင်းရံသင့်ရင် လည်း ၀ိုင်းရံရပါမယ်။ ဒါ ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းပြောနေတဲ့ စကားလည်းဖြစ် ပါတယ်။

နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကိုပေါ့နော် ဦးနေ၀င်းတို့၊ ဦးခင်ညွန့်တို့ ဘ၀နိဂုံးချုပ် နေ၀င်ချိန်ကို သင်ခန်းစာယူပြီးတော့ လက်ရှိဗိုလ်ချုပ်ကြီးတွေက သူတို့ပုခုံးပေါ်မှာ အပွင့်ရှိတုန်း လုပ်ပိုင်ခွင့်ရှိတုန်း လုပ်သင့်တာကို လုပ်ပေးပါလို့ ကျမ ဒီနေရာကနေ ပြောချင်ပါတယ်။ အန်အယ်လ်ဒီ လူကြီးတွေအနေနဲ့လည်းပဲ သတ္တိရှိရှိနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလို ပြည်သူလူထုအတွက် ပြတ်ပြတ်သားသား ရင်ဆိုင်နိုင်ဖို့ ဒီ့ထက်ပေါ့နော် ကျမတို့ တောင်းဆိုနေတဲ့ လွှတ်တော်ကိုယ်စားလှယ် အစည်းအဝေးခေါ်ပေးပါဆိုတာမျိုးတွေ ဆက်လက်လုပ်ပေးဖို့ ကျမတောင်းဆိုလိုသလို လူထုကိုလည်းပဲ ကိုယ်နဲ့မဆိုင်သလို နေနေလို့မရတော့ဘူး၊ ဒီကနေ့ နိုင်ငံရဲ့အခက်အခဲဟာ ငါတို့မြန်မာပြည်သူလူထုတရပ်လုံး သက်ဆိုင်တဲ့ ကိစ္စကြီးဖြစ်လာပြီ။ ဒီအခက်အခဲအကျပ်အတည်းက လွတ်မြောက်ဖို့ဆိုလို့ရှိရင် ငါတို့မှာလည်း တာဝန်ရှိပါလားလို့ဆိုတဲ့ ခံယူချက်နဲ့ လူထုကလည်း မျက်စိဖွင့် နားစွင့်ပြီးတော့ ပါဝင်ကြဖို့ ကျမတိုက်တွန်းလိုပါတယ်။” (ဒေါ်မြင့်မြင့်အေး)

အာရ်အက်ဖ်အေ ။ ။ ဟုတ်ကဲ့ ကျနော်တို့ အာရ်အက်ဖ်အေ တနင်္ဂနွေစကားဝိုင်းရဲ့ ပေးထားတဲ့အချိန်လည်း တော်တော်လေး နည်းပါးသွားပြီခင်ဗျ။ အဲတော့ အခုပါဝင်ဆွေးနွေးတဲ့ အဖွဲ့ဝင်ပဲဆိုပါတော့ခင်ဗျာ။ အန်အယ် လ်ဒီအဖွဲ့ဝင် အမျိုးသမီး ၃ ဦးက မိမိပြောလိုတာလေး တယောက်ကို မိနစ်အနည်းငယ် ပြောဖို့ပါပဲ။ အဲတော့ ဒေါ်မြင့်မြင့်အေး စပြောမလားခင်ဗျာ။

ဒေါ်မြင့်မြင့်အေး ။ ။ ဟုတ်ကဲ့ ပြောစရာတော့ နည်းနည်းကျန်သွားသေးတယ် အစောက …။

အာရ်အက်ဖ်အေ ။ ။ အဲ အဲ ပြောပါ ရတယ် ပြော။

ဒေါ်မြင့်မြင့်အေး ။ ။ ဒီနေရာမှာ ကျမပြောချင်တာကပေါ့နော်။ စစ်အစိုးရက ဒီ တဘက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပေဒကို အတင်းအဓမ္မ အတည်ပြုပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အန်အယ်လ်ဒီ ပါပါ မပါပါ၊ ဘယ်သူပါပါ မပါပါ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်မယ်ဆိုလို့ရှိရင် ဒါစစ်မှန်တဲ့အဖြေမဟုတ်ဘူး။ အဖြေမဟုတ်တာက မဟုတ်တာပဲ။ အဖြေဟုတ်တာက ဟုတ်တာပဲ။ ဒါ့ကြောင့် လူထုလူတန်းစားအားလုံး ပါဝင်ပြီး စစ်မှန်တဲ့ အဖြေ ကိုရှာနိုင်မှ တိုင်းပြည်က ငြိမ်းချမ်းမယ်၊ သာယာမယ်။ ဒီလိုမှ မဟုတ်လို့ရှိရင် အဖြေမှန်ကို မရှာဖွေဘဲ ငါတို့မှာ အာဏာရှိတယ်၊ လက်နက်ရှိတယ်၊ ငွေရှိတယ် လုပ်ချင်ရာကို လုပ်နိုင်တယ်ဆိုပြီး လုပ်မယ်ဆိုလို့ရှိရင် ကမ္ဘာ့စီး ပွားရေးပျက်ကပ်နဲ့အတူ မြန်မာပြည်သူလူထုတရပ်လုံး ဆင်းရဲဒုက္ခကို ရင်စည်းခါးစည်းခံကြရတာနဲ့အတူ တိုင်း ပြည်က ဗုံးကွဲမှုတွေ၊ ဆူပူအုံကြွမှုတွေနဲ့ပဲ ဆက်လက်ရင်ဆိုင်နေရဦးမယ်ဆိုတာကို ကျမ ထပ်လောင်း ပြောချင် ပါတယ်။

တဆက်တည်း ပြောရမယ်ဆိုလို့ရှိရင် နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကိုပေါ့နော် ဦးနေ၀င်းတို့၊ ဦးခင်ညွန့်တို့ ဘ၀နိ ဂုံးချုပ် နေ၀င်ချိန်ကို သင်ခန်းစာယူပြီးတော့ လက်ရှိဗိုလ်ချုပ်ကြီးတွေက သူတို့ပုခုံးပေါ်မှာ အပွင့်ရှိတုန်း လုပ်ပိုင် ခွင့်ရှိတုန်း လုပ်သင့်တာကို လုပ်ပေးပါလို့ ကျမ ဒီနေရာကနေ ပြောချင်ပါတယ်။

အန်အယ်လ်ဒီ လူကြီးတွေအနေနဲ့လည်းပဲ သတ္တိရှိရှိနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလို ပြည်သူလူထုအ တွက် ပြတ်ပြတ်သားသား ရင်ဆိုင်နိုင်ဖို့ ဒီ့ထက်ပေါ့နော် ကျမတို့ တောင်းဆိုနေတဲ့ လွှတ်တော်ကိုယ်စားလှယ် အစည်းအဝေးခေါ်ပေးပါဆိုတာမျိုးတွေ ဆက်လက်လုပ်ပေးဖို့ ကျမတောင်းဆိုလိုသလို လူထုကိုလည်းပဲ ကိုယ် နဲ့မဆိုင်သလို နေနေလို့မရတော့ဘူး၊ ဒီကနေ့ နိုင်ငံရဲ့အခက်အခဲဟာ ငါတို့မြန်မာပြည်သူလူထုတရပ်လုံး သက် ဆိုင်တဲ့ ကိစ္စကြီးဖြစ်လာပြီ။ ဒီအခက်အခဲအကျပ်အတည်းက လွတ်မြောက်ဖို့ဆိုလို့ရှိရင် ငါတို့မှာလည်း တာဝန် ရှိပါလားလို့ဆိုတဲ့ ခံယူချက်နဲ့ လူထုကလည်း မျက်စိဖွင့် နားစွင့်ပြီးတော့ ပါဝင်ကြဖို့ ကျမတိုက်တွန်းလိုပါတယ်။ တဆက်တည်းပဲ ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကပေါ့ စည်းစည်းလုံးလုံးနဲ့ ဟန်ချက်ညီညီ နဲ့ပေါ့ အားလုံးဝိုင်းဝန်းကြိုးစားကြဖို့ကိုလည်း ကျမ အထူးတိုက်တွန်းလိုပါတယ်။

“ကျမတို့ လုပ်ရကိုင်ရတဲ့နေရာမှာ အခက်အခဲတွေ အများကြီးတော့ရှိပါတယ်။ ဒါပေမယ့် ကျမတို့အားလုံးသိထားဖို့က ရှေ့မှာ အသက်တွေ ဘ၀တွေ စတေးပြီးတော့ လုပ်ပြသွားတဲ့ လူများရဲ့ ကြိုးပမ်းမှုများကို စံထားပြီးတော့ တန်ဖိုးထားလုပ်ဆောင်သွားဖို့ လိုပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တွေကို ဘေးဖယ်ထားပြီးတော့ ကျမတို့ရဲ့ ပန်းတိုင်က ဘာလဲ။ ပြည်သူအားလုံး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေခြင်း သာဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို မမှိတ်မသုတ် မပျောက်ဖို့လိုပါတယ်။ ဒီခံယူချက်အတိုင်း ကျမတို့က ဇွဲ လုံ့လနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို မလွဲမသွေရောက်ရှိမှာဖြစ်တယ်လို့ ကျမကတော့ ပြောချင်ပါတယ်။” (ဒေါ်ခင်ညွန့်မူ)

အာရ်အက်ဖ်အေ ။ ။ ဟုတ်ကဲ့ ဒေါ်နော်အုန်းလှကော ဘာများပြောလိုပါသေးလဲခင်ဗျာ။

ဒေါ်နော်အုန်းလှ ။ ။ ပြောရရင်တော့ ကျမတို့ အခုစကားဝိုင်းအနေအထားအရပေါ့နော် ပြည်သူတွေတရပ်လုံး က ပါဝင်နိုင်ဖို့ဆိုတာလည်း ကျမမျှော်လင့်ပါတယ်။ ဒါပေမယ့်လို့ ကျမ ခုနပြောခဲ့သလိုပေါ့နော် ကျမတို့တွေက တာဝန်အဆင့်ဆင့်ကို ပြည်သူအားလုံးက ကိုယ့်တာဝန်ကိုယ်ကျေဖို့လည်း လိုသလို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေလည်း တာဝန်ကျေဖို့လိုတယ်။ ကိုယ်ယူထားခဲ့တဲ့တာဝန်ကို ကိုယ်ယူမယ်လို့ပြောခဲ့ပြီးတော့ ကိုယ် မကျေတာရယ်၊ ကျမတို့ပါတီဝင်တွေကလည်း ကိုယ်ပြောခဲ့တဲ့ဟာတွေကို လုပ်မယ်ဆိုပြီး လုပ်ခဲ့တဲ့ဟာတွေကို လည်း မကျေတဲ့သူရှိသလို ကျေခဲ့သူလည်း ရှိတာပေါ့နော်။

ဒါ အားလုံး ကျမတို့သွားရမှာက ဒီစစ်အာဏာရှင်စနစ် ပြုတ်ကျရေး ကျမတို့သွားတဲ့အတွက် နိုင်ငံရေးအ၀န်းအ ၀ိုင်းအားလုံးပေါ့နော် ကျမတို့ ဒါကို စုစုစည်းစည်းနဲ့ သွားမယ်ဆိုလို့ရှိရင်တော့ အောင်မြင်နိုင်မှာပါ။ ဦးဆောင်တဲ့ လူ ကောင်းကောင်းမွန်မွန်ပေါ့နော်၊ မှန်မှန်ကန်ကန် တည့်တည့်မတ်မတ် ဦးဆောင်ဖို့လည်း လိုတယ်။ နောက် က လိုက်တဲ့သူအားလုံးကလည်း တစုတစည်းဖြစ်ဖို့လိုတယ်။ အဲဒါမှသာလျှင် ဒီစစ်အာဏာရှင် လဲပြိုမှာဖြစ်ပါ တယ်။ ဒီအတိုင်း အခုအချိန်အထိ မလဲပြိုနိုင်သေးတာက သူတို့က အင်အားအများကြီးနဲ့ ကျမတို့တွေကို ဖိနှိပ် တယ်။ ကျမတို့ အချင်းချင်းကလည်း ပြိုကွဲနေတယ်ဆိုတဲ့အခါကျတော့ မအောင်မြင်နိုင်ဘူး။ ဒါကြောင့်မို့လို့ ကျ မ ပြောသလို့ပေါ့။ ကျမတို့က မူတွေ စည်းကမ်းတွေ ရှိပြီးသားနဲ့ ကျမတို့ ဒီမူတွေမလိုက်နာလို့ ဒီလိုမျိုးအခြေအ နေ ကြုံတာလို့ ကျမမြင်ပါတယ်။

အာရ်အက်ဖ်အေ ။ ။ တခုတော့ရှိတာပေါ့ ဒေါ်နော်အုန်းလှ၊ ကျနော်တို့ ဒီ ကြားနေရတဲ့ သတင်းတွေပေါ် မူ တည်ပြီးပြောရမယ်ဆိုရင်တော့ တဘက်မှာ ဒေါ်နော်အုန်းလှပြောသလို လုပ်သင့်လုပ်ထိုက်တဲ့ အစိတ်အပိုင်း တွေ ရှိတယ်ဆိုတာလည်း ဖြစ်နိုင်သလို တဘက်မှာကျတော့လည်း လက်ရှိအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ဖိ နှိပ်မှုမျိုးစုံကလည်း ရင်ဆိုင်နေရတဲ့ အစိတ်အပိုင်းကလည်း ဒါလည်းကျယ်ကျယ်ပြန့်ပြန့်တော့ ကြားနေရတဲ့ အ ချက်ပဲ။ အဲလိုတော့ ရှိတာပေါ့နော် (ဒေါ်နော်အုန်းလှ ပြော - ဟုတ်ပါတယ်)။ ဟုတ်ကဲ့ ဒေါ်ခင်ညွန့်မူကော နိဂုံး ချုပ်အနေနဲ့ ဘာများပြောချင်သေးလဲခင်ဗျာ။

ဒေါ်ခင်ညွန့်မူ ။ ။ ဒေါ်မြင့်မြင့်အေးတို့ ဒေါ်နော်အုန်းလှတို့ ပြောသလိုပေါ့နော် ကျမတို့လုပ်ရကိုင်ရတဲ့နေရာမှာ အခက်အခဲတွေ အများကြီးတော့ရှိပါတယ်။ ဒါပေမယ့် ကျမတို့အားလုံးသိထားဖို့က ရှေ့မှာ အသက်တွေ ဘ၀ တွေ စတေးပြီးတော့ လုပ်ပြသွားတဲ့ လူများရဲ့ ကြိုးပမ်းမှုများကို စံထားပြီးတော့ တန်ဖိုးထားလုပ်ဆောင်သွားဖို့ လိုပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တွေကို ဘေးဖယ်ထားပြီးတော့ ကျမတို့ရဲ့ ပန်းတိုင်က ဘာလဲ။ ပြည်သူအားလုံး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေခြင်း သာဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို မမှိတ်မသုတ် မပျောက်ဖို့လိုပါတယ်။ ဒီခံယူချက်အတိုင်း ကျမတို့က ဇွဲ လုံ့လနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို မလွဲမသွေ ရောက်ရှိမှာဖြစ်တယ်လို့ ကျမကတော့ ပြောချင်ပါတယ်။

(ပြီးပါပြီ)

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP