ပြည်ထောင်စုနေ့ပွဲတော်တွင် ပူးပေါင်းပါဝင်ကြပါစို့

ကိုရီးယားရောက်မြန်မာနိုင်ငံသား
တိုင်းရင်းသားညီအကိုမောင်နှမအပေါင်းတို့~
မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီကိုရီးယားသည်62 နှစ်ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဂီတရံပုံငွေရှာဖွေပွဲအား
လာမည့် ဖေဖော်ဝါရီလ ၁၅ရက် နေ့လည် ၂နာရီမှ ၅နာရီအထိ ဘူချွန်းမြို့ မြန်မာအသင်းကိုရီးယားရုံးစိုက်ရာ ဘူချွန်းနိုင်ငံခြားသားအလုပ်
သမားရိပ်သာ၏ ၃ထပ်မြောက် ခမ်းမဆောင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အခမ်းအနားအား ကိုရီးယားရောက်မြန်မာအဖွဲ့အစည်းများ၊ ကိုရီးယားအဖွဲ့အစည်းများနှင့် အတူတကွ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့်
မြန်မာနိုင်ငံသားညီအကိုမောင်နှမများအနေဖြင့် မိမိတို့
တဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အောက်ပါအတိုင်း ၀ိုင်းဝန်းပူးပေါင်းပါဝင်ကြပါရန် လေးနက်စွာ ဖိတ်ခေါ်အပ်ပါသည်။
(၁) ရံပုံငွေပွဲလက်မှတ်များအား ၀ယ်ယူအားပေးခြင်း၊၀ိုင်းဝန်းရောင်းချပေးခြင်း။
ဆက်သွယ်ရန်-ကိုတင်ယဉ်(၀၁၆ ၂၄၈ ၃၃၃၈)

(၂) မိမိတို့တတ်နိုင်သလောက် ပွဲတော်လာပရိသတ်များအား အစားအစာကျွေးမွေးလှူဒါန်းခြင်း။
ဆက်သွယ်ရန်-ကိုကျော်ဇောအေး(၀၁၀ ၂၇၉၀ ၉၇၇၃)

(၃) မိမိတို့အဖွဲ့အစည်း၏ပြည်ထောင်စုနေ့သ၀ဏ်လွှာအား တက်ရောက်ဖတ်ကြားခြင်း။
(၄) ကဗျာ၊ဂီတစသည်ဖြင့် ပူးပေါင်းပါဝင်ခြင်း။
(၅) တိုင်းရင်းသားများ၏ရင်ဖွင့်သံကဏ္ဍတွင်တက်ရောက်ပြောဆိုရင်ဖွင့်ခြင်း။
(၆) ငွေအား၊လူအား၊အကြံဥာဏ်အားဖြင့် ၀ိုင်းဝန်းဆောင်ရွက်ခြင်း။
ဆက်သွယ်ရန်-ကိုစိုးမိုးသူ(၀၁၀ ၇၁၅၅ ၆၅၈၁)
pcnmbk@gmail.com
ပြန်ကြားရေးဌာန

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP