■အပြန်စရိတ်ငွေ အာမခံဆိုသည်မှာ နေထိုင်ခွင့်ဗီဇာ ပြည့်သည်ဖြစ်စေ မိမိ အကြောင်းကြောင့်ဖြစ်စေ ပြန်ဖြစ်ပါက လိုအပ်သည့် အပြန်စရိတ်ဖြစ်သည့်(လေယာဉ် လက်မှတ်ခ)အား အကာအကွယ်ပေးရန်ဖြစ်ပြီး၊ သူဌေးမှ အာမခံ ပေးသည့်စနစ်(အီး-၉) ဖြင့်ဝင်ရောက်လာပြီး မိမိအနေဖြင့်ပေးဆောင်ထားသည့် အာမခံငွေ ၄-သိန်းနှင့်၆-သိန်းခန့်ငွေအား ပြန်လည်လက်ခံရရှိမည့် အာမခံ စနစ်ဖြစ်သည်။
■ လက်ခံရရှိရန် လိုအပ်သည့် အချက်များ
၁- ရွှေ့ပြောင်းအလုပ်သမားသည် ပြန်သည့်အခါတွင် (ခဏပြန်ခြင်းမှအပ) တတ်နိုင်ပါက မပြန်မှီ ၁-လအလိုတွင် လေယာဉ်လက်မှတ် ၀ယ်ယူ၍ နီးစပ်ရာ အလုပ်သမားရုံးရှိ အကူညီပေးသည့်စင်တာသို့ သွားရောက်ရမည်။
၂-အလုပ်သမားရုံးရှိ အကူညီပေးသည့်စင်တာတွင် ပြန်တော့မည့်အကြောင်း ပြောပြ၍ အထောက်အထား စာရွက်စာတမ်းများ လက်ခံရယူပြီး မိမိ၏ ဘဏ်စာအုပ် မိတ္တူနှင့်အတူ အာမခံ (ဆမ်းဆောင်းဟွာဂျဲ)ရှိ နိုင်ငံခြားသားဆိုင်ရာ တာဝန်ခံသို့ ဖက်စ်ပေးပို့ရမည်။
✤ အာမခံ (ဆမ်းဆောင်းဟွာဂျဲ) နိုင်ငံခြားသားဆိုင်ရာ တာဝန်ခံအဖွဲ့
ဖက်စ် နံပါတ် ၀၂-၇၅၅-၇၁၄၉
၃- ဖက်စ်ပို့ပြီးနောက် ၁-နာရီခန့်အကြာတွင် မဖြစ်မနေ ဖုန်းခေါ်၍ ဖက်စ် လက်ခံရရှိမှု ရှိ၊ မရှိ
စုံစမ်းရန်လိုအပ်သည်။
✤ အာမခံ (ဆမ်းဆောင်းဟွာဂျဲ) နိုင်ငံခြားသားဆိုင်ရာ တာဝန်ခံအဖွဲ့
ဖုန်း နံပါတ် ၀၂- ၃၁၈ ၅၇၂၀။ ၀၂-၃၁၈-၅၇၄၀
၎- ဖက်စ်ပို့ပြီးနောက် အပြန်စရိတ်အာမခံငွေ ပြန်ပေးမည့်ရက်အား မေးမြန်းရမည်။
၅- မိမိ၏ဘဏ်စာရင်းသို့ ရောက်ရှိလာသည့်ငွေအား စစ်ဆေးရမည်။
မှတ်ချက်။
စာချုပ်စည်းကမ်းနှင့်အညီပြန်သည့် ညီအစ်ကိုများ ပြန်သည့်အခါတွင် အထောက်အကူဖြစ်စေရန် ဘာသာပြန် ရေးသားလိုက်ပါသည်။ ထိုအာမခံငွေရရှိရေးသည် ကိုရီးယားစကားပြောဆိုရာတွင် အခက်အခဲရှိနိုင်ပြီးလုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲရှိပါက နီးစပ်ရာ အလုပ်သမား ကူညီပေးရေးဌာနများသို့ သွားရောက်ဆွေးနွေးခြင်းများ ပြုလုပ်သင့်သည်ဟု အကြံပေးအပ်ပါသည်။
ယောသားလေး
အပြန်စရိတ်ငွေ အာမခံ (ဆမ်းဆောင်းဟွာဂျဲ) လမ်းညွန်
Posted by yawtharlay at 5:29 PM
Labels: အလုပ်သမားရေးရာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment