ရွေးကောက်ပွဲဝင်မယ့်ပါတီများအားစည်းကမ်းတင်းကျပ်

ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ 
သတ်မှတ်ပါတီဝင် ဦးရေစုဆောင်းရာမှာ ဟောပြောစည်းရုံး၊ရေးသား
တဲ့အခါ လိုက်နာရမယ့် စည်းကမ်း၊နည်းလမ်းတွေကို မနေ့ ကရက်
စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့ပြီး စစ်အစိုးရသတင်းစာများမှာ ဖေါ်ပြခဲ့ပါ
တယ်။

အဓိက ကတော့ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးရင် ပါတီဝင်ဦးရေ
ပြည့်အောင် စည်းရုံးဟောပြောတဲ့အခါ ဟောပြောပွဲလုပ်မည့်နေရာ၊
အချိန်၊ တက်ရောက်မည်သူအရည်အတွက် စတာတွေကိုဖေါ်ပြပြီး
၇ ရက်ကြိုတင်လို့ သက်ဆိုင်ရာကော်မရှင်ရုံးတွေကို ရှောက်ထား
ရမယ်၊ ဟောပြောမယ့်နေ့ မတိုင်ခင် ၄၈ နာရီ ကြိုတင်ပြီးသာ ခွင့်ပြု
မပြု အကြောင်းပြန်မယ်လို့  ဆိုထားပါတယ်။

လူစုတဲ့ကိစ္စမှာတောင် အကြောင်းကြားရမယ်ဆိုတော့ လုပ်ရကိုင်
ရအခတ်အခဲ ရှိတယ်လို့  ရွေးကောက်ပွဲဝင်ဖို့  အဆင့်ဆင့်ပြင်ဆင်
နေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အင်န်ဒီအက်ဖ်က နာ
ယက ဦးခင်မောင်ဆွေကပြောပါတယ်။

တော်တော်ကြီးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်တော့မယ်လို့ 
သဘောရတယ်။ နိုင်ငံရေးပါတီတွေဟာ ကျပ်တည်းကျဉ်းမြောင်း
သွားမယ်လို့  သူကပြောပါတယ်။ ဦးခင်မောင်ဆွေကပဲ ပြည်သူနဲ့ 
နိုင်ငံရေးပါတီတွေကြား ဆက်ဆံရေးကို ဒီလောက်ထိတင်းကြပ်ဖို့ 
လိုသလား၊ ကန့် သတ်ဖို့ လိုသလား၊ လို့ မေးခွန်းပြန်ထုတ်ပါတယ်။

ဒီလိုတင်းကြပ်မှုတွေ များနေရင်တော့ နိုင်ငံရေးပါတီတွေအနေနဲ့ 
ကော်မရှင်နဲ့  ထိတွေ့ ဆက်ဆံဆွေးနွေးဖို့  လိုနေပြီလို့ ထင်မြင်
ကြောင်းသူကပြောပါတယ်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ပါတီ(တ-စ-ည) ကတော့ နိုင်ငံတစ်ဝှမ်းမှာ ရုံးခွဲတွေရှိပြီး ဖြစ်တာ
မို့  တော်ရုံလူအရေအတွက် ကတော့ ခွင့်တောင်းစရာ မလိုဘဲ(၇)
်ရက်ကြိုတင် အသိပေးရုံနဲ့  သူတို့ ရုံးတွေမှာ ကျင်းပလို့ ရတယ်လို့ 
ပြောပါတယ်။

ပါတီဆိုတာကတော့ ဘယ်သူ့ မဆို စည်းရုံးရမှာပဲ
ပါတီစုံမှာ အစိုးရအာဏာက ခဏ ခဏ ပြောင်းတက်တာမို့  ၀န်ထမ်း
တွေက ဘက်မလိုက်ပဲနေမှအစိုးရ ရန္တယား တည်ငြိမ်အောင်မြင်မယ်
လို့ (တ-စ-ည)ပါတီ အထွေထွေအတွင်းရေးမှူးနဲ့  ပါတီပြောခွင့်ရပုဂ္ဂိုလ်
ဦးဟန်ရွှေကပြောပါတယ်။

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP