ဦးအောင်ထူး၏ဥပဒေဆွေးနွေးပွဲ

မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်
ထူးသည် ယနေ့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ရှိ အမျိုးသားဒီမိုက
ရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲတွင် တောင်ကို
ရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား "မြန်မာပြည်တွင်းက လွတ်
ငြိမ်းချမ်းသာခွင့် ရရှိနေသော အခြေအနေများ ချုပ်ငြိမ်းစေခြင်းနှင့် တိုင်း
ရင်းသား ပြဿနာများကို ဥပဒေရှုထောင့်က သုံးသပ်ခြင်း "ဟူသောခေါင်း
စဉ်ဖြင့် မြန်မာပြည် ဥပဒေစိုးမိုးရေး ဆိုင်ရာဆွေးနွေးပွဲ တစ်ခုကိုပြုလုပ်ခဲ့
ပါသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်
နယ်မြေ ကိုရီးယားဌာနခွဲက စီစဉ်ကျင်းပခဲ့ပြီး ဘားမားအက်ရှင်ကိုရီးယား
အပါအ၀င် တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာနိုင်ငံသားများ
တက်ရောက်ခဲ့ကြသည်။

လာမည့်ဇွန်လ (၁၇)ရက်နေ့ တွင် ဘီအယ်လ်စီ အထွေထွေအတွင်း
ရေးမှူး ဦးအောင်ထူးသည် ကိုရီးယားလွှတ်တော် အမတ်များ၊ လူ့ အခွင့်
အရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရေးရာကိစ္စရပ်တွေ
ကို ဆွေးနွေးဖို့ ရှိကြောင်းလည်း သိရှိရပါသည်။

ဆွေးနွေးပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်
မြေကိုရီးယားဌာနခွဲမှ ဆွေးနွေးပွဲ တက်ရောက်လာသူများအား မြန်မာ
မုန့် ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP