ပင်လုံသက်သေ(ပြည်ထောင်စုနေ့အထိမ်းအမှတ်သီချင်း)



ပင်လုံသက်သေ

ဖန်တီးသူ-S2N
တေးဆို-S2Nနှင့်တိုင်းရင်းသားညီအကိုမောင်နှမများ၊

အပိုဒ်-၁
(သွေးချင်းတို့ရေ - မခွဲတမ်းတို့တတွေ-အိုသွေးချင်းတို့ရေ-အမြဲစည်းလုံးကြမယ်လေ)
လာလာလေ လာကြဟေ့ ဒို့ပြည်ထောင်စုသားတွေ
ငြိမ်းချမ်းတဲ့အနာဂတ်သစ်တို့အတူဖန်တီးမယ်လေ
ကချင်၊ကယား၊ကရင်၊ချင်း၊မြန်မာ၊မွန်၊ရခိုင်၊ရှမ်း
လာလာလေ အတူလျှောက်လှမ်းစို့ ဒို့ပြည်ထောင်စုကြီးဆီ
တမြေဆီ တပြည်ခြားလို့ ဝေးကွာနေလဲလေ
ပင်လုံမှာပေါက်ဖွားတဲ့ စိတ်ဓါတ်နဲ့အတူယှဉ်တွဲ

(ဒါတွေဟာတကယ်တမ်းတော့ သမိုင်းရဲ့အမွေ ပင်လုံနယ်တောင်တန်းက အသိသက်သေ
ယုံကြည်စွာ တူလက်တွဲလို့ ဖြေရှင်းမလေ ဘယ်လိုပင် ပြန့်ကြဲလဲ တို့ တတွေ
ညီစေနော် ညီကြဟေ့ တွဲထားတဲ့လက်မဖြုတ်နဲ့ ဟေ့)

အပိုဒ်-၂
(သွေးချင်းတို့ရေ - မခွဲတမ်းတို့တတွေ-အိုသွေးချင်းတို့ရေ-အမြဲစည်းလုံးကြမယ်လေ)
လာလာလေ လာကြဟေ့ ဒို့ပြည်ထောင်စုသားတွေ
ဘယ်နေရာ ဘယ်လိုကွဲကွဲ ဒို့ညီ၊အကို၊မောင်နှမပေ
စည်းလုံးမှုအင်အားနဲ့ စနစ်ဆိုးကို ဖယ်ရှားကြ
လာလာလေ အတူလက်တွဲလို့ ဒို့ပြည်ထောင်စုကြီးဆီ
အန္တရာယ်တွေကာဆီးလဲ တွန်းလှန်ပယ်ကြမလေ
တူညီတဲ့စိတ်ထားနဲ့အဆောင်အယောင်တွေ ဖယ်ကားထားခဲ့

(ဒါတွေဟာတကယ်တမ်းတော့ သမိုင်းရဲ့အမွေ ပင်လုံနယ်တောင်တန်းက အသိသက်သေ
ယုံကြည်စွာ တူလက်တွဲလို့ ဖြေရှင်းမလေ ဘယ်လိုပင် ပြန့်ကြဲလဲ တို့ တတွေ
ညီစေနော် ညီကြဟေ့ တွဲထားတဲ့လက်မဖြုတ်နဲ့ ဟေ့) (တီးလုံး)

အပိုဒ်-၃
(သွေးချင်းတို့ရေ - မခွဲတမ်းတို့တတွေ-အိုသွေးချင်းတို့ရေ-အမြဲစည်းလုံးကြမယ်လေ)
လာလာလေ လာကြဟေ့ ဒို့ညီအကိုမောင်နှမတွေ
ဇာနည်သွေး နီနီရဲလို့ သမိုင်းဂုဏ်ပြောင်ကြစေ
ပြည်သာမယ့်တို့များရဲ့ ညီညာတဲ့လက်များနဲ့
လာလာလေ အတူလျှောက်လမ်းစို့ တို့ပြည်ထောင်စုကြီးဆီ
လွတ်လပ်ဖို့အခွင့်အရေးမို့ တို့အတူဖြေရှင်းမလေ
ဘိုးဘွားရဲ့ အမွေအနှစ်မို့ အတူယှဉ်တွဲစောင့်ထိန်းစို့

(ဒါတွေဟာတကယ်တမ်းတော့ သမိုင်းရဲ့အမွေ ပင်လုံနယ်တောင်တန်းက အသိသက်သေ
ယုံကြည်စွာ တူလက်တွဲလို့ ဖြေရှင်းမလေ ဘယ်လိုပင် ပြန့်ကြဲလဲ တို့ တတွေ
ညီစေနော် ညီကြဟေ့ တွဲထားတဲ့လက်မဖြုတ်နဲ့ ဟေ့)
(သွေးချင်းတို့ရေ - မခွဲတမ်းတို့တတွေ-အိုသွေးချင်းတို့ရေ-အမြဲစည်းလုံးကြမယ်လေ)၂

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP