ပွဲတော်ဖြစ်မြောက်ရေးဝိုင်းဝန်းပံ့ပိုးကြသည့် အဖွဲ့အစည်းများစာရင်း(လက်ရှိအခြေအနေ)။
မြန်မာအသင်း(ကိုရီးယား)၊မြန်မာကလေးသူငယ်များပညာရေးစောင့်ရှောက်ရေးအစီအစဉ်၊
အဖြူရောင်သူငယ်ချင်းများ၊အန်ဆန်းရှီဟွာမြန်မာညီအကိုများ၊
ဆောင်နမ်းမြန်မာလူမှုရေးအသင်း၊မွန်အသင်း၊
Stop Crackdown Band http://cafe.daum.net/stopcrackdown ၊
ရိန်းဘိုးတီးဝိုင်း၊
နွဲထဲဖုန်းတီးဝိုင်း http://noitypoon.com၊
ကို့ဒါဂျီအဖွဲ့ http://ihopesong.tistory.com၊
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTV www.mwtv.kr ၊
အာရှလူ့အခွင့်အ ရေးနှင့်ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေးစင်တာ၊
ချင်း၊ရှမ်း၊မြန်မာစသည့်တိုင်းရင်းသားညီအကိုမောင်နှမများ၊
(....ဆက်လက်ဖော်ပြပါဦးမည်။)
အကျွေးအမွေး-
ပြည်ထောင်စုနေ့ပွဲတော်အား နေ့လည် ၁နာရီမှ နေ့လည် ၂နာရီအထိ လက်ဘက်ရည်၊စမူဆာနှင့် အအေးတို့ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး နေ့လည်၂နာရီမှ ညနေ၅နာရီအထိ အထိမ်းအမှတ်အခမ်းအနားနှင့် ဂီတဖျော်ဖြေပွဲအား ကျင်းပသွားမည်ဖြစ်သည်။
ကြားဖြတ် အထူးအစီအစဉ်
ကွန်ပြူတာLaptop တလုံးအား ကံစမ်းမဲဖောက်ပေးမည်ဖြစ်သဖြင့် ကံစမ်းမဲတစောင်
ဝမ် တစ်သောင်းဖြင့် ၀ယ်ယူအားပေးနိုင်ပါသည်။
ကံစမ်းမဲနံပါတ်များအား နံပါတ် ၀၀၁ မှ နံပါတ် ၁၀၀ အထိ စုစုပေါင်း လက်မှတ်စောင်ရေ တစ်ရာ ရောင်းချပေး မည်ဖြစ်သဖြင့် မိမိနှစ်သက်ရာဂဏန်းကို အလိုရှိသူများ၊ ပွဲတော်တွင်မလာရောက်နိုင်သော်လည်း ကံစမ်းချင် သူများ၊ လက်မှတ်အရေအတွက်နည်းသဖြင့် မ၀ယ်လိုက်ရမည်ကို စိုးရိမ်သူများ စသည်စသည်တို့သည်
ကံစမ်းမဲလက်မှတ် အရောင်းတာဝန်ခံ ကိုဘိုဘို(၀၁၀ ၇၅၄၅ ၀၃၃၉) ထံသို့ ဆက်သွယ်၍ ကြိုတင်ဝယ်ယူအားပေးခြင်းဖြင့်လက်ဦးမှုကို ရယူနိုင်ပါကြောင်း ။
ပြန်ကြားရေးဌာန
မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီကိုရီးယား
၂၀၀၉ ဖေဖော်ဝါရီ ၁၀ရက်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment