မန္တလေးမှ နိုင်ငံရေးသမားလူငယ်များ နှစ်ရှည်ထောင်ဒဏ်ချခံရ

မြန်မာအာဏာပိုင်တို့က မန္တလေးမှ နိုင်ငံရေးသမားလူငယ်အချို့ကို အောက်ပါအတိုင်း ကြီးလေးသော ထောင်ဒဏ်များ ပေးလိုက်သည်။

  • ကိုဗိုလ်မင်းယုကို (ခေါ်) ဖြိုးကြီး ၁၀၄ နှစ်
  • ကိုညီ ၅၀ နှစ်
  • ကိုဝေမျိုးထူး ၂၆ နှစ်
  • မကေသီအောင် ၂၆ နှစ်
ထောင် ၂၆ နှစ် ချမှတ်ခံခဲ့ရသည့် မကေသီအောင်သည် အသက် ၂၃ နှစ်သာ ရှိသေးသည်ဟု ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းက ပြောပြသည်။ မကေသီအောင်သည် ကိုယ်ဝန်ရှိပြီး ၂ ပတ်အကြာတွင် ဖမ်းဆီးခံရခြင်း
ဖြစ်သောကြောင့် ယခုအခါ မကေသီအောင်တွင် ကိုယ်ဝန် ၆ လ ရှိနေသည်ဟု ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ယနေ့ သတင်း ထုတ်ပြန်ရာ အဆိုပါ လူငယ်များသည် မန္တလေးအကျဉ်းထောင်အတွင်းရှိ တရားရုံးတွင် စီရင်ချက် ချခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ တရားခွင်သို့ ရှေ့နေများ၊ မိသားစုဝင်များ သွားရောက်ခွင့် မရခဲ့ဟု ဆိုသည်။

အဆိုပါလူငယ်အများစုမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) ၏ အဖွဲ့ဝင်များဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော် ရှိသည်ဟု အတိုက်အခံများက ဆိုသည်။ (မိုးမခ)

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP