ရွှေ့ပြောင်းအလုပ်သမများ၏ ကျန်းမာရေး
ရွှေ့ပြောင်းအလုပ်သမများသည် အမျိုးသားများထက်ပို၍ လုပ်ငန်းခွင်တွင်ဖြစ်ပေါ်တတ်သည့် ဓါတု အန္တရာယ်ရရှိမှု ပိုမိုလွယ်ကူသည်။ အကြောင်းမှာမူ အမျိုးသားများနှင့် မတူညီသည့် ရာသီပုံမှန်မလာခြင်း၊ ကိုယ်ဝန် ပျက်ကျခြင်း၊ မသန်စွမ်းသည့် ကလေးငယ်မွေးဖွားခြင်း စသည် အလုပ်သမများတွင်သာ ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးပြဿနာမှာ ဓါတုပစ္စည်းများမှတဆင့်ဖြစ်ပွားနိုင်သောကြောင့်ဖြစ်သည်။ အလုပ်သမများ၏ ကျန်းမာရေးအား မကောင်းစေနိုင်သည်ဟု ရှာဖွေသိရှိထားသည့် ဓါတုပစ္စည်းများထက် မသိရှိနိုင်သေးသည့် ဓာတုပစ္စည်းများက ပိုမိုများပြားလှသဖြင့် ကိုယ်ဝန်ရှိသည့် မည်သည့်အမျိုးသမီးမဆို မည်သို့သော ဓါတုဗေဒပစ္စည်းများအား အသုံးပြုသည်ဖြစ်စေ အန္တရာယ်ကင်းစင်နိုင်ခြင်း မရှိကြောင်း ကြိုတင်သိရှိထားရပေမည်။
ဓါတုဗေဒ ပစ္စည်းများသာမက စိတ်ညစ်ညမ်းမှုနှင့် နေ့ညပြောင်းလဲ လုပ်ကိုင်ခြင်း တို့သည် ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသည်တို့အားလည်း ထိခိုက်စေသောကြောင့် အမျိုးသား အလုပ်သမားများ ထက် ပို၍ ကောင်းမွန်သော အန္တရာယ်ကင်းသည့် လုပ်ငန်းခွင်ရရှိရန် လိုအပ်သည်။်
ဘယ်အချိန်အခါတွင် ဘယ်လို အမျိုးသမီးလုပ်သားများ၏ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မွေးဖွားခြင်းတို့အား အခက်အခဲများ ဖြစ်ပေါ်လာစေနိုင်ပါသနည်း?။
ဓါတုပစ္စည်းများ၊စိတ်ညစ်ညမ်းမှုနှင့် နေ့ညပြောင်းလဲလုပ်ကိုင်ခြင်းစသည့် အန္တရာယ်ရှိသည့် အကြောင်းအချက် များသည် ကိုယ်ဝန်မရခင်နှင့်ကိုယ်ဝန်ဆောင်စဉ်အတွင်း မကောင်းသောအရာများကိုပေးစေနိုင်ပြီး၊ မွေးဖွားပြီးနောက်ပိုင်းတွင်လည်းဒုက္ခပေးနိုင်သည်။
သာမန်သုံးဓါတုပစ္စည်းများနှင့်ဓါတ်မှန်အလင်းတန်းသည်မသန်မစွမ်းကလေးမွေး ဖွားခြင်း၏တရားခံဖြစ်သည် ဟုထင်ပေါ်လျှက်ရှိသည်။
၁) ကိုယ်ဝန်အား ဒုက္ခပေးခြင်း။
အချို့သောအန္တရာယ်ရှိသည့်ပစ္စည်းများနှင့် ပတ်ဝန်းကျင်အခြေအနေတို့သည် ကိုယ်ဝန်အား ဒုက္ခပေး တတ်သည်။ အထူးသဖြင့်အမျိုးသမီးများ၏ ကာမဆန္ဒအား နည်းပါးစေခြင်းနှင့် သုတ်ပိုးအား ပျက်စီးစေ တတ်သည်။ ပျက်စီးသည့် သုတ်ပိုးမှ ကိုယ်ဝန်ဖြစ်ပေါ်လာပါက မသန်မစွမ်းသည့် ကလေးငယ်များ မွေးဖွားနိုင်သည်။
၂) ကိုယ်ဝန်ဆောင်စဉ် ဒုက္ခပေးခြင်း။
ကိုယ်ဝန်ရှိသည့်အခါ ဒုက္ခပေးတတ်သည့် အရာများသည်မိခင်ကိုယ်မှတဆင့် ကြီးထွားလာနေသည့်သန္ဓေသားထံ ရောက်ရှိဒုက္ခပေးတတ်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ပြီး ၂-ပတ်အကြာမှစ၍ ၉-ပတ်အထိ သန္ဓေသား၏ ကိုယ်အင်္ဂါ ပုံဖန်တီးစဉ်ကာလဖြစ်သဖြင့် အန္တရာယ်ရှိသည့် ကာလလည်းဖြစ်သလို အန္တရာယ်ရှိသည့် အရာများမှ လုံးဝရှောင်ကျဉ်ရမည်ဖြစ်သည်။ ထိုနောက်ပိုင်းတွင်ပင် အန္တရာယ်ရှိသည့် ပစ္စည်းများ၏ပမာဏနှင့် အမျိုးအစား ပေါ်လိုက်၍ ဝမ်းတွင်းရှိ သန္ဓေသားအား မကောင်း သည့်ဒုက္ခများပေးနိုင်သည်။ ဓာတုဓါတ်ကြောင့် ခန္ဓာကိုယ် မသန်စွမ်းမှုသာမက စိတ်နှင့် မှတ်ဥာဏ်အားလည်းဒုက္ခပေးနိုင်သည်။
၃) ကိုယ်ဝန်မွေးဖွားပြီးနောက် ဒုက္ခပေးခြင်း။
လုပ်ငန်းခွင်မှအန္တရာယ်ရှိသည့်ပစ္စည်းများသည် ကလေးငယ်၏မွေးဖွားပြီးနောက် ကြီးထွားခြင်းကိုလည်း ဒုက္ခပေးနိုင်သည်။ လူကြီးထက်ကလေးငယ်သည် လုပ်ငန်းခွင်သုံး ဥပါဒ်ပေးသည့်ပစ္စည်းများနှင့် သင့်တော်မှု မရှိပေ။ ဥပါဒ်ပေးနိုင်သည့်အရာများသည် ဟောင်းနွမ်း ပေရေနေသည့် အဝတ်၊ ဖိနပ်၊ ဆံပင်မွှေး၊ အရေပြားမှ တဆင့်အိမ်တွင်း ရှိကလေးငယ်အားကူးစက်နိုင်သည်။ အချို့သောဘေးဥပါဒ်ပစ္စည်းများသည် မိခင်နို့ မှလည်း ကူးစက်နိုင်သည်။
ရိုက်နှက်မှုနှင့် ပြစ်မှုကျူးလွန်ခြင်းတို့မှ အကာအကွယ်
အမျိုးသမီး အလုပ်သမအပေါ် ရိုက်နှက်ခြင်းနှင့် ပြစ်မှုကျူးလွန်ခြင်းတို့မှ ကာကွယ်ရန် ဥပဒေလိုအပ်သည်။ အထူးသဖြင့် ညပိုင်း အလုပ်လုပ်ခြင်းနှင့် မြေအောက်ကဲ့သို့ မှောင်မည်းသည့်နေရာတွင် အလုပ်လုပ်ကိုင်ရသည့် အမျိုးသမီး အလုပ်သမအား ရိုက်နှက် ခြင်းနှင့် ပြစ်မှုကျူးလွန်ခြင်းတို့မှ အကာအကွယ်ပေးမှု လိုအပ်ပြီး လုပ်ငန်းခွင်နှင့် ဝေးကွာသည့် နေရာတွင် တယောက်တည်း အလုပ်လုပ်ခြင်းမှ ရှောင်ကျဉ်ရမည်။
မွေးဖွားပြီးနောက် နားရက်
မွေးဖွားပြီးနောက် အမျိုးသမီးအလုပ်သမသည် ကျန်းမာရေးအတွက် မဖြစ်မနေ နားနေရက်လိုအပ်သည်။ သင့်တော်သည့် နားနေမှုသာမက နားရက် အနားယူပြီး နောက်ပိုင်းတွင် အခြေအနေ သာမန်ပြန်လည်ဖြစ်ပေါ်ရန် လိုအပ်ပြီး ကလေးမွေးဖွား မှုကြောင့် လစာငွေဖြတ်ခြင်း မပြုလုပ် ရပေ။(လစာဖြတ်ခွင့်မရှိ)
လေးပင်သည့် အလုပ်များအား ကန့်သတ်ပေးရန်
အမျိုးသမီးသည် အမျိုးသားများထက် ကြံ့ခိုင်သန်စွမ်းမှုအား လျော့နည်းသည်ဖြစ်သဖြင့် အမျိုးသားများနှင့် တန်းတူ လေးလံသည့် ပစ္စည်းများအား မ, တင်ခိုင်းခြင်း မပြုလုပ်ရပေ။ အမျိုးသမီး အလုပ်သမသည် လေးလံသည့် ပစ္စည်းများအား ဆက်တိုက် မ,တင်ခြင်းများအား ပြုလုပ်ရလျှင် အမျိုးသား အလုပ်သမားများထက် ပို၍ လျှင်မြန်စွာ ပြင်းထန်သည့် ကြွက်သားနှင့် အာရုံကြောရောဂါများအား ခံစားရနိုင်သည်။
ရွှေ့ပြောင်းအလုပ်သမများ၏ ကျန်းမာရေး
Posted by စိုးမိုးသူ at 4:37 PM
Labels: အမျိုးသမီးများသိအပ်စရာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment