အာဏာရှင် ဦးနေ၀င်း၏သမီးကို အကျယ်ချုပ်မှ လွှတ်ပေး

ကွယ်လွန်သူ အာဏာရှင် ဦးနေ၀င်း၏သမီး ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းအား သောကြာနေ့က နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးလိုက်ပြီဖြစ်သည်။

(၆) နှစ်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ရန်ကုန်မှာ ချုပ်နှောင်ထားရာမှ ယခုကဲ့သို့ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဦးအေးဇော်ဝင်းနှင့် သားသုံးဦးကို နိုင်ငံတော်အာဏာသိမ်းဖို့ ကြံစည်မှုနှင့် ၂၀၀၂ ခုနှစ်က သေဒဏ်ချခဲ့သော်လည်း ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းအား အကျယ်ချုပ်သာ ချခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းအမှု စစ်ဆေးချက်များကို စစ်အစိုးရက တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့သလို အကျယ်ချုပ်ကျနေသည်ဆိုသည့် ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်း၏ သတင်းမှာလည်း ထိုအချိန်မှစပြီး မှောင်ကျသွားခဲ့သည်။

ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းသည် ၁၉၈၈ အရေးအခင်းတွင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူတဦးဟု အစွပ်စွဲခံခဲ့ရပြီး တချိန်က မဆလအရာရှိကြီးများ ဦးနေ၀င်းနှင့်တွေ့ဆုံရန်မှာ ဒေါ်ခင်စန္ဒာဝင်းခွင့်ပြုမှ တွေ့ခွင့်ရသည်ဟုပင် နိုင်ငံခြား စာနယ်ဇင်းများက ရေးခဲ့သည်။

ဦးအေးဇော်ဝင်းနှင့် သားသုံးဦးကို နိုင်ငံတော်အာဏာသိမ်းဖို့ ကြံစည်မှုဖြင့် ၂၀၀၂ ခု စက်တင်ဘာ ၂၆ ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးမှ စီရင်ချက်ချခဲ့သည်။ သေဒဏ်အမိန့်ချပြီး အယူခံမ၀င်ဘူးဟု ဦးအေးဇော်ဝင်းက ပြောခဲ့သည်။ သို့သော် ဦးအေးဇော်ဝင်းနှင့် သားသုံးဦးကို သေဒဏ်မပေးဘဲ ယခုထိ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်ဟု ယုံကြည်ရသည်။

ထူးခြားသည့်အချက်မှာ ဦးအေးဇော်ဝင်းနှင့် သားသုံးယောက်အမှုအတွက် ရှေ့နေငှားမရဆိုသည့် သတင်းများ ထိုအချိန်ကထွက်ပေါ်ခဲ့သော်လည်း ဦးအေးဇော်ဝင်းကိုယ်တိုင်က ရှေ့နေမငှားခဲ့ကြောင်း ရန်ကုန်ရှေ့နေအသိုင်းအ၀ိုင်းက ပြောခဲ့သည်။ (ခေတ်ပြိုင်)

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP