နိုဝင်ဘာလ ၂၂ရက် စနေနေ့ညနေ ၅နာရီက လွန်ခဲ့တဲ့ရက်က ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာ စက်ရုံများနှင့် အိမ်များအတွင်းသို့ လ၀က၀န်ထမ်းများ အတင်းအကြပ် ၀င်ရောက် ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည့် ဒေသဖြစ်သည့် မာ ဆော့ဂ်ပရိဘောဂစက်မှုဇုန်တည်ရှိရာ နမ်းရန်းဂျူးမြို့ရှိ ပြည်သူများ၊အန်ဂျီအိုအဖွဲ့အစည်းများနှင့် ဆိုးလ်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများ စုစုပေါင်း ၁၀၀ကျော်သည် အတူတကွ မီးထွန်းဆန္ဒဖေါ်ထုတ်ပွဲကို ပြုလုပ်ခဲ့ ကြသည်။
ယင်းနေ့ဆန္ဒပြပွဲသည် လ၀က၀န်ထမ်းများ၊ရဲများမှ လူ့အခွင့်အရေးချိုးဖောက်ပြီး အတင်းအကြပ်ဖမ်းဆီးမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများ၊ ထိတ်လန့်ဖွုယ်ဖမ်းဆီးမှုများကြောင့် စိတ်မသက်မသာဖြစ်ကြ ရသော ဒေသခံပြည်သူများနှင့် အလုပ်သမားများမရှိသဖြင့် အခက်အခဲကြီးစွာကြုံတွေ့နေကြရသောလုပ်ငန်းရှင်များ အား အားပေးမှုပြုသည့်ပွဲပင်ဖြစ်ပြီး အညှာအတာမဲ့ အတင်းအကြပ်ဖမ်းဆီးနေခြင်းများအား ချက်ချင်းရပ်တန့်ရန် တောင်းဆိုခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ဆန္ဒပြပွဲတွင် တက်ရောက်စကားပြောကြသည့်ပြည်သူများအနက် အဖွား အိုတယောက်က ကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေကြတဲ့သူတွေကိုအခုလို အတင်းအဓမ္မဖမ်းဆီးခြင်းကြောင့် စက်ရုံ လုပ်ငန်းတွင်ရပ်တန့်နေရပြီ၊ပြည်သူတွေအားလုံးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီ၊ တို့တတွေအားလုံး စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်လုပ်နေထိုင်ကြမယ်ဆိုရင် သိပ်ကောင်းမှာပဲဟူ၍ ပြောဆိုခဲ့ကြောင်းသိရှိရသည်။
မညှာမတာဖမ်းဆီးမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

လ၀က၀န်ထမ်းများနှင့်ရဲများက တံခါးကိုရိုက်ချိုးပြီးဝင်ရောက်ဖမ်းဆီးခဲ့ကြသည်။
0 comments:
Post a Comment