- အန်အယ်လ်ဒီပါတီဝင်များကို ထောင်ဒဏ်များချမှတ်
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အသက် ၇၂ နှစ်အရွယ်ရှိ ဦးတင်ယု အပါအဝင် အန်အယ်လ်ဒီပါတီဝင် ၁၁ ဦးကို အင်းစိန်ထောင်တွင်ရုံးထိုင်ထားသည့် အထူးတရားရုံးက ထောင်ဒဏ် ၇ နှစ် ၆ လစီ ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူအများစုသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ဦးတင်ယု၊ ကိုသန်းနိုင်၊ မလှလှမော်၊ ကိုစိုး မင်းမင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုအောင်မင်းနိုင်၊ ဦးဝင်းမြင့်၊ ကိုမျိုးကျော်ဇင်နှင့် ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ကိုရန်နိုင်ထွန်း တို့ဖြစ်ကြသည်။
၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှုများကြောင့် အဖမ်းခံရခြင်းဖြစ်ပြီး အများပြည်သူဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ၅၀၅ (ခ) တို့အပါအဝင် တခြားဥပဒေပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ်ချမှတ်ခံရသည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
အဆိုပါထောင်ဒဏ်ချမှတ်ခံရသူများမှ ကိုရန်နိုင်ထွန်း၊ ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်နှင့် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးတို့ကို လွန်ခဲ့သည့်လကုန်ပိုင်းက တရားစီရင်မှုကို နှောင့်ယှက်သည့်ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခြင်း ခံခဲ့ရသည်။- နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးမှာ ဆိုင်ခန်းဝယ်မည့်သူမရှိ LINK
- သံဃာ့အရေးအခင်းနောက်ပိုင်း လူငယ်များ ဘာသာရေးကို အာရုံစိုက်
ပြည်တွင်း မျိုးဆက်သစ်ကျောင်းသားများအသင်း ဘာသာရေး လူမှုရေးလုပ်ငန်းများ လုပ်ကိုင် LINK
- အဓိကရုဏ်းနှိမ်နင်းရန် ရန်ကုန်မှာ အရန်ရဲတပ်ဖွဲ့များ စတင်ဖွဲ့စည်း
- ဒီမိုကရေစီရေး လှုပ်ရှားသူ (၁၈) ဦးကို ထောင်ဒဏ်များချမှတ် LINK
0 comments:
Post a Comment