ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသည့် အဖွဲ့အစည်းများသည် ၂၂နှစ်ပြည့်  သမိုင်းဝင် ၈လေးလုံး လူထုအရေးတော်ပုံအထိမ်းအမှတ်အဖြစ် ပြည်တွင်း နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုအတွက် ရံပုံငွေရှာဖွေပွဲ၊ သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြပွဲအား ပြုလုပ်ကျင်းပခဲ့သည်။
Aug 11
၂၂နှစ်ပြည့် ၈လေးလုံးလူထုအရေးတော်ပုံအထိမ်းအမှတ်လှုပ်ရှားမှု(ကိုရီးယား)
Posted by burmaactionkorea at 1:21 PM 0 comments
Labels: ကိုရီးယားသတင်း, သတင်း
Aug 08
၂၂ကြိမ်မြောက် ၈လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပပြီးစီး
Posted by ကိုသုတ at 3:00 AM 0 comments
Jun 28
ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်အခမ်းအနား
မဆလအစိုးရရဲ့  ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသူ ကျောင်းသားခေါင်းဆောင် ဆလိုင်း
တင်မောင်ဦး ကွယ်လွန်ခြင်း ၃၄ နှစ်ပြည့်အမှတ်တရနှင့် နအဖအစိုးရ၏ ပြည်သူလူ
ထုအပေါ် မတရားညှင်းဆဲ သတ်ဖြတ်မှုများကို ကန့် ကွက်ရှုံ့ ချသည့် ဆန္ဒပြပွဲတစ်ခု
ယနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့  နအဖသံရုံးရှေ့ တွင် ကျင်းပခဲ့ပါသည်။
အဆိုပါဆန္ဒပြပွဲကို ချင်းဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကွန်ယက်က ဦးဆောင်ခဲ့ပြီး
မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားသော တိုင်းရင်းသားညီအကိုမောင်နှမများ
က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။
ဆလိုင်းတင်မောင်ဦးကို မဆလအစိုးရက ၁၉၄၇ ခုနှစ်တွင် ဦးသန့် အရေးအခင်း
ဦးဆောင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၁၉၇၆ခုနှစ် ဇွန်လ၂၆ရက်နေ့ မှာ ကြိုးပေးသတ်ခဲ့ပါတယ်။
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးလို ဒီမိုကရေစီတိုက်ပွဲအတွင်း တိုင်း
ပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားကြသော ကျောင်းသားကျောင်းသူများနှင့်
ရဟန်းရှင်လူများအား အသိအမှတ်ပြု၍ ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံမှာစစ်မှန်သည့်
ဒီမိုကရေစီစနစ် ပေါ်ထွန်းလာတဲ့အထိ စစ်အာဏာရှင်စနစ်အား ကန့် ကွက်ဆန့် ကျင်
သွားမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ရောက်ချင်းတိုင်းရင်းသားများကိုယ်စား ချင်းဒီမိုက
ရေစီနှင့် လူ့ အခွင့်အရေးကွန်ယက် ဥက္ကဌ မစ္စတာဂျွန်စမစ်က ပြောကြားသွားပါတယ်။
Posted by burmaactionkorea at 1:14 PM 0 comments
Labels: ကိုရီးယားသတင်း
2010 ရွေးကောက်ပွဲ မဲပေးစနစ်
၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်နေရာ ဘယ်ဌာနကို မဲပေးရမယ်ဆိုတဲ့ညွှန်ကြားချက်
ပုံဖြစ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပမှီ အချိန်မှာကတည်းက ဘယ်ဝန်ကြီးက
ဘယ်နေရာမှာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ စီမံချက်တွေ ရေးဆွဲပြီးနေပါပြီ။
ဒီလိုမြောက်ဦးနှောက်နဲ့  ဆင်ကြံကြံချင်တဲ့ နအဖရဲ့ လုပ်ရပ်ဟာ ဆင်သေကို
ခွေးသရေနဲ့ ဖုံးနေသလိုပါပဲ။
Posted by burmaactionkorea at 12:13 AM 0 comments
Labels: သတင်း
Jun 26
ရွေးကောက်ပွဲဝင်မယ့်ပါတီများအားစည်းကမ်းတင်းကျပ်
ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ 
သတ်မှတ်ပါတီဝင် ဦးရေစုဆောင်းရာမှာ ဟောပြောစည်းရုံး၊ရေးသား
တဲ့အခါ လိုက်နာရမယ့် စည်းကမ်း၊နည်းလမ်းတွေကို မနေ့ ကရက်
စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့ပြီး စစ်အစိုးရသတင်းစာများမှာ ဖေါ်ပြခဲ့ပါ
တယ်။
အဓိက ကတော့ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးရင် ပါတီဝင်ဦးရေ
ပြည့်အောင် စည်းရုံးဟောပြောတဲ့အခါ ဟောပြောပွဲလုပ်မည့်နေရာ၊
အချိန်၊ တက်ရောက်မည်သူအရည်အတွက် စတာတွေကိုဖေါ်ပြပြီး
၇ ရက်ကြိုတင်လို့ သက်ဆိုင်ရာကော်မရှင်ရုံးတွေကို ရှောက်ထား
ရမယ်၊ ဟောပြောမယ့်နေ့ မတိုင်ခင် ၄၈ နာရီ ကြိုတင်ပြီးသာ ခွင့်ပြု
မပြု အကြောင်းပြန်မယ်လို့  ဆိုထားပါတယ်။
လူစုတဲ့ကိစ္စမှာတောင် အကြောင်းကြားရမယ်ဆိုတော့ လုပ်ရကိုင်
ရအခတ်အခဲ ရှိတယ်လို့  ရွေးကောက်ပွဲဝင်ဖို့  အဆင့်ဆင့်ပြင်ဆင်
နေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အင်န်ဒီအက်ဖ်က နာ
ယက ဦးခင်မောင်ဆွေကပြောပါတယ်။
တော်တော်ကြီးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်တော့မယ်လို့ 
သဘောရတယ်။ နိုင်ငံရေးပါတီတွေဟာ ကျပ်တည်းကျဉ်းမြောင်း
သွားမယ်လို့  သူကပြောပါတယ်။ ဦးခင်မောင်ဆွေကပဲ ပြည်သူနဲ့ 
နိုင်ငံရေးပါတီတွေကြား ဆက်ဆံရေးကို ဒီလောက်ထိတင်းကြပ်ဖို့ 
လိုသလား၊ ကန့် သတ်ဖို့ လိုသလား၊ လို့ မေးခွန်းပြန်ထုတ်ပါတယ်။
ဒီလိုတင်းကြပ်မှုတွေ များနေရင်တော့ နိုင်ငံရေးပါတီတွေအနေနဲ့ 
ကော်မရှင်နဲ့  ထိတွေ့ ဆက်ဆံဆွေးနွေးဖို့  လိုနေပြီလို့ ထင်မြင်
ကြောင်းသူကပြောပါတယ်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ပါတီ(တ-စ-ည) ကတော့ နိုင်ငံတစ်ဝှမ်းမှာ ရုံးခွဲတွေရှိပြီး ဖြစ်တာ
မို့  တော်ရုံလူအရေအတွက် ကတော့ ခွင့်တောင်းစရာ မလိုဘဲ(၇)
်ရက်ကြိုတင် အသိပေးရုံနဲ့  သူတို့ ရုံးတွေမှာ ကျင်းပလို့ ရတယ်လို့ 
ပြောပါတယ်။
ပါတီဆိုတာကတော့ ဘယ်သူ့ မဆို စည်းရုံးရမှာပဲ
ပါတီစုံမှာ အစိုးရအာဏာက ခဏ ခဏ ပြောင်းတက်တာမို့  ၀န်ထမ်း
တွေက ဘက်မလိုက်ပဲနေမှအစိုးရ ရန္တယား တည်ငြိမ်အောင်မြင်မယ်
လို့ (တ-စ-ည)ပါတီ အထွေထွေအတွင်းရေးမှူးနဲ့  ပါတီပြောခွင့်ရပုဂ္ဂိုလ်
ဦးဟန်ရွှေကပြောပါတယ်။
ီ
Posted by burmaactionkorea at 5:00 PM 0 comments
Labels: သတင်း